သတင်းများ

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးတွင် အခြေခံကွန်ပျူတာသင်တန်း (၂/၂၀၂၃) ဖွင့်လှစ်
Oct 09,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက အခြေခံကွန်ပျူတာသင်တန်း(၂/ ၂၀၃) ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့၌ ကဗျာရွတ်ဆို၊ ပုံပြင်ပြောနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပ
Oct 09,2023
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသား/ကျောင်းသူများ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူလတန်းအဆင့် ကဗျာရွတ်ဆို၊ ပုံပြင်ပြောနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၊အမှတ်(၃၃) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ လူငယ်ရေးရာဟောပြောပွဲ ကျင်းပ
Oct 09,2023
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၃၃) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ ဟောပြောပွဲကို  ယနေ့နံနက်(၁၀) နာရီက ကျင်းပခဲ့သည်။
မြိတ်မြို့ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်
Oct 09,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို မြိတ်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ယနေ့နံနက်ပိုင်းက အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။
ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကွန်ပျူတာသင်တန်း အမှတ်စဉ် (၂ /၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
Oct 09,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၂/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရမည်းသင်းမြို့နယ်၌ အသိပညာပေးဟော​ပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Oct 09,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ကျွဲတပ်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ" ကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။   
ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲနှင့် ဆင်လှူပွဲတော် စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 09,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲနှင့် ဆင်လှူပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မေတ္တာမြို့၊ လူထုအခြေပြုဗဟိုဌာန(Community  Centre) ခန်းမတွင် ရောင်စုံစက္ကူများဖြင့် မီးပုံးပြုလုပ်ခြင်း၊ အမြင့်ခုန်ခြင်းနှင့်   ပြိုင်ပွဲများပြုလုပ် 
Oct 09,2023
တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်ခရိုင်၊  မေတ္တာမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရောင်စုံစက္ကူများဖြင့်  မီးပုံးပြုလုပ်ခြင်း၊ အမြင့်ခုန်ခြင်းနှင့်ပြိုင်ပွဲများပြုလုပ်ခြင်းကိုယမန်နေ့ မွန်းလွဲ ၂နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။