သတင်းများ

တံတားဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်ဝက်စာမေးပွဲများ ဖြေဆို
Oct 17,2023
တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်ဝက်စာမေးပွဲကို  အောက်တိုဘာလ(၁၅)ရက်နေ့မှ စတင်၍ ဖြေဆိုလျက်ရှိသည်။
အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးနှင့် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရေး အသက်မွေးပညာရပ်များ သင်ကြားပေးနေသည့် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ)မှ ကျောင်းအုပ် ဒေါ်ခင်စန်းတင်နှင့် တွေ့ဆုံမေးမြန်း
Oct 17,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး၊ တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးကာ ပို့ကုန်ကဏ္ဍကိုမြှင့်တင်နိုင်ရေးကြိုးစား ဆောင်ရွက်လျက်ရှိရာ မိတ္ထီလာမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းအနေဖြင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ လူမှုစီးပွားဘဝ မြင့်မားရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် အသက်မွေးပညာဘာသာရပ်များ သင်ကြားပေးနေမှုနှင့် ပတ်သက်၍ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာမြို့)မှ ကျောင်းအုပ် ဒေါ်ခင်စန်းတင်နှင့် တွေ့ဆုံမေးမြန်း ထားမှုကိုတင်ပြလိုက်ပါသည်။
သာပေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံ ချေးငွေထုတ်ပေးရေးအတွက် စိုက်ဘဏ်အကြံပေးအဖွဲ့ (၂/၂၀၂၃)လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Oct 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံ ချေးငွေထုတ်ပေးရေးအတွက် စိုက်ဘဏ်အကြံပေးအဖွဲ့ (၂/၂၀၂၃)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာလ ၁၆ ရက်နေ့၊ နံနက် ၉ နာရီအချိန်က မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်း၌ ကျင်းပခဲ့ကြသည်။
နမ္မတူတွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေဘေးသင့် လုံးဝပျက်စီးခဲ့သည့် လူနေအိမ် (၁၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ၊ ဆန်ဖိုးရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
Oct 17,2023
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ အောက်တိုဘာလ (၁၂)ရက်နေ့ နံနက် (၈)နာရီ (၄၀)မိနစ်အချိန်ခန့်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ချောင်းရေမြင့်တက်ကာ ရေဘေးသင့် လုံးဝပျက်စီးခဲ့သည့် လူနေအိမ် (၁၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ၊ ဆန်ဖိုးရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းယန်းမြို့၌ တရုတ်ပြည် DU-12 စပါးမျိုး စံပြစိုက်ကွက် ကွင်းသရုပ်ပြစတင်ရိတ်သိမ်း
Oct 17,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တရုတ်ပြည် DU-12 စပါးမျိုး စံပြစိုက်ကွက် ကွင်းသရုပ်ပြရိတ်သိမ်းခြင်းကို ယနေ့နံနက် ၁၀ နာရီက မွန်ကဲရပ်ကွက်နေ ဦးပိုင်တောင်သူ ဦးထွန်းကြာ၏ လယ်မြေစံပြစိုက်ကွက်၌ ဆောင်ရွက်သည်။
ကြံခင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုး/ဘွား(၇၇၆)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်
Oct 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုး/ဘွား(၇၇၆)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၁)နာရီခွဲအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်သည်။
ပေါင်မြို့နယ်၌ အရသာထူးကဲသော ဒေသထွက်ကျွဲကောသီး ဈေးကောင်းရ
Oct 17,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အရသာထူးကဲသော ဒေသထွက်ကျွဲကောသီးသည် ယခုအခါ လူကြိုက်များပြီး ဈေးကောင်းရရှိနေကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အစည်းအဝေး ၉/၂၀၂၃ တက်ရောက်
Oct 17,2023
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး ၉/၂၀၂၃ ကို အောက်တိုဘာလ ၁၆ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။