သတင်းများ

ကျောက်ဖြူမြို့၌  ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဝက်သား၊ ကြက်သားနှင့် ကြက်ဥများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ
Oct 17,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဒေသခံပြည်သူများနှင့်  ဌာနဆိုင် ရာဝန်ထမ်းများအား  စားသောက်ရေးများအဆင်ပြေစေရန်နှင့် ၎င်းတို့လိုအပ်သည့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်စေရန်အတွက် ယနေ့ နံနက်ပိုင်းက အလယ်ပိုင်းရပ်ကွက်ရှိ နာရီစင်ကွင်းနေရာ၌ ဝက်သား၊ ကြက်သားနှင့် ကြက်ဥများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာ စွာဖြင့် ရောင်းချပေးလျက်ရှိသည်။
ဝမ်းတွင်းမြို့ အ.မ.က(ခံတော)ကျောင်းနှင့် မူလွန်(ဆူးဖြူကန်)ကျောင်းတို့တွင် နွားနို့တိုက်ကျွေးရေးအစီအစဉ်များဆောင်ရွက်
Oct 17,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူလေးများအား နွားနို့တိုက်ကျွေးရေးအစီအစဥ် (School Milk Programme) များကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က အ.မ.က(ခံတော)ကျောင်းနှင့် မူလွန်(ဆူးဖြူကန်)ကျောင်းတို့ တွင် ဆောင်ရွက်ခဲ့ကြသည်။
မြစ်သားမြို့နယ်တွင် ရွှေဖလားမျိုး ကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Oct 17,2023
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊  မြစ်သားမြို့နယ်တွင် ရွှေဖလားမျိုး ကြက်သွန်နီများကို စက်တင်ဘာလမှ  စတင်စိုက်ပျိုးလျက်ရှိပြီး ရွာသစ်အုပ်စု ကွင်းအမှတ်( ၄၄၂) မြစ်ဆုံလေးကွင်း၌ စိုက်ပျိုးထားသည့် ရွှေဖလားမျိုး ကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့ ဓမ္မသုခရွှေစည်းခုံစေတီတော်တွင် ဆီမီးတစ်ထောင်ပူဇော်ပွဲကျင်းပမည်
Oct 17,2023
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာကန်ဦးကန်ထိပ်တွင် တည်ထားကိုးကွယ်သော ဓမ္မသုခ ရွှေစည်းခုံစေတီတော်တွင် သီတင်းကျွတ်ဆီမီးတစ်ထောင်ပူဇော်ပွဲကို သုံးရက်တိုင်ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း အဆိုပါစေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌထံက သိရသည်။
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်
Oct 17,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာတိုးပွားစေရေးအတွက် စာအုပ်/စာစောင်များကို စဉ်ဆက်မပြတ် အခမဲ့ငှားရမ်းပေးလျက်ရှိရာ  ယနေ့နံနက်ပိုင်းတွင် လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌  နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။
ဒေသခံပြည်သူများ ဖြတ်သန်းသွားလာ အသုံးပြုလျက်ရှိသည့် မိတ္ထီလာမြို့ပေါ်ရပ်ကွက်များမှ လမ်း (၂ဝ) ကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်
Oct 17,2023
မိတ္ထီလာမြို့ပေါ်ရပ်ကွက်များတွင် ဒေသခံပြည်သူများဖြတ်သန်းသွားလာအသုံးပြုလျက်ရှိသည့် လမ်း (၂ဝ) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မှိုင်းပန်ကျေးရွာတွင် ကျေးရွာတွင်းလမ်းများကို ကွန်ကရစ်ခင်းအဆင့်မြှင့်တင်မှုကြောင့် အိမ်ထောင်စု(၅၀၆)စုမှ ပြည်သူ(၂၅၁၀)ဦးတို့၏ လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုဖြစ်လာ
Oct 17,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ မှိုင်းပန်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်အဖြစ် အဆင့်မြှင့်တင်ခင်းပေးခဲ့ခြင်းသည် အိမ်ထောင်စု(၅၀၆)စုမှ ပြည်သူ(၂၅၁၀)ဦး တို့၏ လူမှုဘဝများ ပိုမိုဖွံ့တိုးတက်ရေးအတွက် အထောက်အကူဖြစ်လာခဲ့သည်။  
သံတောင်ကြီးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချ ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Oct 17,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေဘေး၊ မီးဘေး၊ လေဘေး၊ မိုးကြိုးဘေးများဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ယနေ့နံနက် (၉) နာရီက သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ဆရာမများနှင့် ဒေသခံပြည်သူများကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။