ကြံခင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုး/ဘွား(၇၇၆)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်

ကြံခင်း အောက်တိုဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုး/ဘွား(၇၇၆)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၁)နာရီခွဲအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်သည်။

ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်ပွဲတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းတန်က မြို့နယ်အတွင်းရှိ  ရပ်ကွက်/ကျေးရွာ(၃၅)အုပ်စုမှ သက်ကြီးဘိုး/ဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်မည်ဖြစ်ရာ မိမိတို့၏ဒေသတွင်းရှိ သက်ကြီး ဘိုး/ဘွားများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ကြရန် ပြောကြားပြီးနောက်၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်သဉ္ဇာဝင်းက အသက်(၈၅)နှစ်အထက် သက်ကြီးဘိုး/ဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်း ပြောကြားပါသည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ်(ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလ)အတွက် သက်ကြီးဘိုး/ဘွားတစ်ဦးလျှင် လူမှုရေးပင်စင် တစ်လစာ(၁၀၀၀ဝိ/)ကျပ်နှုန်းဖြင့် သုံးလစာ (၃၀၀၀ဝိ/)ကျပ်နှူန်းကို သက်ကြီးဘိုး/ဘွား(၇၇၆)ဦးအတွက် ထောက်ပံ့ပေးနိုင်ရန် သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများထံသို့ တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ကြရာ၊ ထောက်ပံ့ငွေစုစုပေါင်း (၂၃၂၈၀၀၀ဝိ/)အား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)