သတင်းများ

ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေသန္တရပြတိုက်ငယ်အတွင်း ပြသထားနိုင်ရန် ဦးဘငြိမ်းယွန်းထည်လုပ်ငန်းက ယွန်းဆွမ်းချိုင့်နှင့်ယွန်းပန်းအိုး လှူဒါန်း
Apr 02,2026
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရှိ ဒေသန္တရပြတိုက်ငယ်အတွင်း ပြသထားနိုင်ရန် ပုဂံဒေသထွက် ယွန်းသုံးဆင့်ဆွမ်းချိုင့်နှင့် ယွန်းပန်းအိုးကို ဧပြီ ၂ ရက် နံနက် ၈ နာရီက ဦးဘငြိမ်းယွန်းအရောင်းဆိုင်က လှူဒါန်းသည်။
ရန်ကုန်တိုင်း​​ဒေသကြီး၌ မဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်နှင့် ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်
Apr 02,2026
ရန်ကုန်တိုင်းဒေသကြီး၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်၊ ဗဟိုမဏ္ဍပ်နှင့် ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။
မြစ်သားမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ (စတုတ္ထနေ့)ဆက်လက်ဖြေဆို
Apr 02,2026
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်သာသနာရေးဦးစီးဌာနက ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို ဧပြီ ၁ ရက် မွန်းတည့် ၁၂ နာရီက  ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအတွင်းရှိ နန်းအိမ်သူဓမ္မဗိမာန်၌ ကျင်းပ‌သည်။
လှည်းကူးမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဖလားဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Apr 02,2026
လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ (၁၈) နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဆုပေးပွဲ အခမ်းအနားကို မတ်လ ၃၁ ရက်နေ့ ညနေ (၅) နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
လှည်းကူးမြို့နယ်တွင် သက်ကြီးရွယ်အိုများ အပတ်စဉ် ကျန်းမာရေးစောင့်ရှောက်မှုပေး
Apr 02,2026
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့ ပေါင်းစပ်မှုဖြင့် သက်ကြီးဘိုဘွားများအား ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုများကို ယမန်နေ့ နံနက် (၉) နာရီမှ နေ့လယ် (၁၂) နာရီထိ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီယဥ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်
Apr 02,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီယဥ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်သင်ကြားပေးကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး
Apr 01,2026
လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၌ ကျင်းပခဲ့သည်။
မရမ်းကုန်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မြရတနာဈေးဆိုင်ခန်းများအား လိုက်လံစစ်ဆေး
Apr 01,2026
ပူပြင်းသောနွေရာသီအချိန်ကို ရောက်ရှိလာပြီဖြစ်သောကြောင့် မီးဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရန်နှင့် မီးလောင်မှုများမဖြစ်ပေါ်စေရန် မြို့နယ်မီးသတ်ဦးစီးဌာနက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မတ်လ ၃၁ ရက်နေ့ညနေ ၆ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက် မြရတနာစျေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။