မြစ်သားမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ (စတုတ္ထနေ့)ဆက်လက်ဖြေဆို

မြစ်သား ဧပြီ  ၂

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်သာသနာရေးဦးစီးဌာနက ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို ဧပြီ ၁ ရက် မွန်းတည့် ၁၂ နာရီက  ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအတွင်းရှိ န်းအိမ်သူဓမ္မဗိမာန်၌ ကျင်းပ‌သည်။

  အဆိုပါစာမေးပွဲများကို  မတ်လ ၂၉ ရက်မှ ဧပြီ ၄ ရက်အထိ နေ့စဉ်မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီ အထိ‌ဖြေဆိုလျက်ရှိရာ ပါဠိပထမပြန်စာမေးပွဲ (စတုတ္ထနေ့)တွင် အခြေပြုမူလတန်း၊ တိကမာတိကာ ဘာသာ၊  စာရင်းရှိသံဃာတော် ၄၉ ပါး၊  ဖြေဆိုသံဃာတော် ၄၄ပါး၊ ပျက်ကွက်သံဃာတော် ၅ ပါး၊ ပထမငယ် တန်း တိကမာတိကာ၊ ဒုကုမာတိကာနှင့်ဓာတုကထာ ဘာသာ စာရင်းရှိ သံဃာတော် ၄၆ ပါး၊ ဖြေဆိုသံဃာ တော် ၃၈ ပါး၊ ပျက်ကွက်သံဃာတော် ၈ ပါး၊ ပထမ လတ်တန်း သုတ္တန္တိကမာတိကာနှင့် ဓာတုကထာဘာသာ စာရင်းရှိသံဃာတော် ၁၈ ပါး၊  ဖြေဆိုသံဃာတော် ၁၆ ပါး၊ ပျက်ကွက်သံဃာတော် ၂ ပါး၊ ပထမကြီးတန်း အဘိဓာန်၊ အလင်္ကာ၊ ဆန်းဘာသာ စာရင်းရှိသံဃာ တော် ၂၂ ပါး၊  ဖြေဆိုသံဃာတော် ၂၀ ပါး၊ ပျက်ကွက် သံဃာတော်၂ ပါး၊  စုစုပေါင်းဖြေဆိုသံဃာတော် ၁၁၈ ပါးတို့ဝင်ရောက်ဖြေဆိုကြရာ  ပျက်ကွက်သံဃာတော်  ၁၇ ပါး‌ရှိ၍ ၈၇ ရာခိုင်နှုန်း‌ဖြေဆိုကြောင်းသိရသည်။

ဝါဝါမြင့်(မြစ်သား)