မရမ်းကုန်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မြရတနာဈေးဆိုင်ခန်းများအား လိုက်လံစစ်ဆေး

မရမ်းကုန်း ဧပြီ ၁

ပူပြင်းသောနွေရာသီအချိန်ကို ရောက်ရှိလာပြီဖြစ်သောကြောင့် မီးဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရန်နှင့် မီးလောင်မှုများမဖြစ်ပေါ်စေရန် မြို့နယ်မီးသတ်ဦးစီးဌာနက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မတ်လ ၃၁ ရက်နေ့ညနေ ၆ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက် မြရတနာစျေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ခြင်းကို မရမ်းကုန်းမြို့နယ် မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဘိုမင်းလွင်ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာစျေးတာဝန်ခံများ၊ စျေးလုံခြုံရေးများနှင့်ပူးပေါင်း၍ စျေးပိတ်ချိန်များတွင် စျေးဆိုင်ခန်းမီးများမှလည်းကောင်း၊ မီးဖိုမီးကြွင်းမီးကျန်များမှလည်းကောင်း မီးလောင်မှုမဖြစ်ပွားစေရေးအတွက် လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်မီးသတ်ဦးစီးဌာနအ‌နေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ဆီဆိုင်များ၊ ဈေးများ၊ ဆိုင်ခန်းများ စသည့်တို့ကိုလိုက်လံ၍ အသိပညာပေးဟောပြောခြင်းများ၊ စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယဉ်မော် (ပြန်/ဆက်)