သတင်းများ

ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံ၊ ဓမ္မသော်တိုက်နယ်ဆေးရုံနှင့် ကံကျင်းတိုက်နယ်ဆေးရုံတို့တွင် အပူဒဏ်ကာကွယ်ရေးကုသနိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိ
Apr 07,2026
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ အ​ပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သော ရောဂါများဖြင့် ပြည်သူ့ဆေးရုံများသို့ လာရောက်ပြသသော လူနာများအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု​ပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း ယနေ့နံနက်ပိုင်းက သိရသည်။
တွံတေးမြို့နယ်၌ မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီနှင့် ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်ကော်မတီတို့ စာကြည့်တိုက်များရေရှည်ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲပြုလုပ်
Apr 07,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနှင့် ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များ စာကြည့်တိုက်ရှင်သန်ဖွံဖြိုးရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ကျင်းပခဲ့သည်။
နတ်တလင်းမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုရေကစားမဏ္ဍပ် စတင်ဆောက်လုပ်
Apr 07,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဥ်‌ကျေးမှုမဟာသင်္ကြန်ပွဲ‌တော်အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဗဟိုရေကစားမဏ္ဍပ်ဆောက်လုပ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကွန်ဟိန်းမြို့(Community Centre)ခန်းမ၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Apr 07,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊(Community Centre) ခန်းမ၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ယနေ့နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်နေပြည်သူများအား သောက်သုံးရေများ ဆက်လက်လှူဒါန်း
Apr 07,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း နွေရာသီကာလသောက်သုံးရေရှားပါးမှု မဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း သောက်သုံးရေများ ဆက်လက်လှူဒါန်းဖြန့်ဝေပေးလျက်ရှိသည်။
နတ်တလင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်
Apr 07,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က (မြို့မ )ကျောင်း နွေရာသီဘင်ခရာသင်တန်း၌ ပြုလုပ်ခဲ့သည်။
နမ့်စန်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ယှဉ်ပြိုင်မည့် ယိမ်းအကအဖွဲ့များ ကြိုတင်လေ့ကျင့်ပြင်ဆင်
Apr 07,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင်၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အား အမှတ်(၂)ရပ်ကွက် မြို့နယ်ခန်းမရှေ့ရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါသင်္ကြန်ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ယိမ်းအကအဖွဲ့များအနေဖြင့် မိမိတို့ သတ်မှတ်နေရာများအလိုက် ကြိုတင်လေ့ကျင့်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   
ပန်းတောင်းမြို့နယ်၌ သတင်းဗီဒီယိုတည်းဖြတ်နည်းသင်တန်းဖွင့်လှစ်
Apr 07,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ လူငယ်များနည်းပညာစွမ်းရည် မြှင့်တင်နိုင်စေရန်နှင့် ဒီဂျစ်တယ်မီဒီယာနည်းပညာရပ်များကို စနစ်တကျအသုံးချတတ်စေရန်ရည်ရွယ်၍ သတင်းဗီဒီယိုတည်းဖြတ်နည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။