ဆိပ်ကြီးခနောင်တို ဧပြီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း နွေရာသီကာလသောက်သုံးရေရှားပါးမှု မဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း သောက်သုံးရေများ ဆက်လက်လှူဒါန်းဖြန့်ဝေပေးလျက်ရှိသည်။
ထိုသို့ လိုက်လံဖြန့်ဝေပေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းအောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ရေဂါလံ ၁၆၀၀ ဆံ့ကားဖြင့် ခနောင်တိုအရှေ့ရပ်ကွက်ရှိ သောက်သုံးရေခက်ခဲသည့် အိမ်ထောင်စုများအား သောက်သုံးရေများ လိုက်လံဖြန့်ဝေလှူဒါန်းပေးလျက်ရှိပြီး၊ ကျန်ရှိသည့် ရပ်ကွက်များအလိုက်လည်း ယခုကဲ့သို့နေ့စဉ် သောက်သုံးရေများ လိုက်လံဖြန့်ဝေလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါသောက်သုံးရေလိုက်လံဖြန့်ဝေပေးရာသို့ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံ