တွံတေးမြို့နယ်၌ မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီနှင့် ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်ကော်မတီတို့ စာကြည့်တိုက်များရေရှည်ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

တွံတေး ဧပြီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနှင့် ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များ စာကြည့်တိုက်ရှင်သန်ဖွံဖြိုးရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှသိမ်း (မင်းသျှင်အောင်တွံတေး) အဖွဲ့ဝင်ဦးလှမြင့်တို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင် ဒေါ်ဖြူဖြူဝင်းက စာအုပ်စာပေစုဆောင်းရေး၊ စာဖတ်ပရိတ်သတ်များစာပေဖတ်ရှုလာစေရေး၊ ကျေးရွာပြည်သူလူထုပါဝင်ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိသော စာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေး၊ ဖွင့်လှစ်ပြီးစာကြည့်တိုက်များ ရှင်သန်ဖွံဖြိုးရေး၊ အလေးထားဆောင်ရွက်စေလိုကြောင်း၊ စာကြည့်တိုက်ရေရှည်တည်တံရေးနှင့် ခိုင်မာသောစာကြည့်တိုက်ကော်မတီတစ်ရပ် ပြန်လည်ဖွဲ့စည်းရေးနှင့်စာကြည့်တိုက်များ အောင်မြင်လာစေရေးအတွက် စာကြည့်တိုက်လက်စွဲ စာအုပ်ပါအတိုင်း လုပ်ငန်းများဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော စာကြည်တိုက်ကော်မတီဝင်များက လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် သိရှိလိုသည်များ မေးမြန်းကြရာ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။

မျိုးလှိုင် တွံတေး