သတင်းများ

ဟိုပုံးမြို့နယ်၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 29,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က လုံဟေး ကျေးရွာအုပ်စု၊ နောင်ယာဆိုင်းကျေးရွာဘက်စုံသုံးခန်းမတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူ (၇၆၅၈)ဦး ကျောင်းအပ်လက်ခံပြီးစီး
May 29,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးအတွက် မေလ ၂၂ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်လက်ခံခြင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ထိ ကျောင်းသား၊ ကျောင်းသူ (၇၆၅၈)ဦး ကျောင်းအပ်လက်ခံဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။
တပ်ကုန်းမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရေပြင်ရှာဖွေကယ်ဆယ်ရေး၊ စုဖွဲ့ဇာတ်တိုက်လေ့ကျင့်မှုသင်တန်း ဖွင့်လှစ်
May 29,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် နေပြည်တော်ကောင်စီ၏ လမ်းညွှန်ချက်အရ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရေပြင်ရှာဖွေကယ်ဆယ်ရေး၊ စုဖွဲ့ဇာတ်တိုက်လေ့ကျင့်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနတွင် ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးဝန်ထမ်းများစုပေါင်းပြီး မိုးရာသီ သီးပင်စားပင်များ စိုက်ပျိုး
May 29,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းနိုင်ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ရုံးပတ်ဝန်းကျင်သာယာစိမ်းလန်းစိုပြည်စေရန်နှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများတွင် အထောက်အကူပြုနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် ဓာတ်အားခွဲရုံဝန်း မြေကွက်လပ်တို့တွင် မိုးရာသီ သီးပင်စားပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
မိုင်းနောင်မြို့တွင် ဆယ်ကျော်သက်များအား မျိုးဆက်ပွားကျန်းမာရေးအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ
May 29,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ဆယ်ကျော်သက်များအား မျိုးဆက်ပွားကျန်းမာရေးအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံနေမှုနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားဆောင်ရွက်နေမှုများ ကြည့်ရှုအားပေး
May 28,2025
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (ရွှေနတ်တောင်)နှင့် မုဒုံမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချစ်ကြည်ရေးဘော်လီဘောပြိုင်ပွဲ ယှဉ်ပြိုင်နေမှု ကြည့်ရှုအားပေး ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှုကော်မတီ ဆဋ္ဌမအကြိမ်အစည်းအဝေး တက်ရောက်
May 28,2025
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ချစ်ကြည်ရေးဘောလီဘောပြိုင်ပွဲ ယှဉ်ပြိုင်နေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများပေးအပ်၍ အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
ချောင်းဆုံမြို့နယ်၌ တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်ဆန်းစစ်စီမံခြင်း အခမ်းအနား ကျင်းပ
May 28,2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာများ၊ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းတတ်စေရန်၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်များကို ကူညီဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်ဆန်းစစ်စီမံခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က ကရင်ဝင်းစိန်ကျေးရွာ ကရင်စာပေခန်းမတွင်ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။