သတင်းများ

ကြံခင်းမြို့၌ အစိုးရရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
May 07,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အစိုးရရက် (၁၀၀) စီမံချက်ဖြင့် မေ ၄ ရက်နေ့ နံနက်ပိုင်းက ရပ်ကွက်နေပြည်သူများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ပေးလျက်ရှိရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု အားပေးကြသည်။
မိုင်းရယ်မြို့နယ် နားခိုကျေးရွာ၌ ရက် (၁၀၀) စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမားသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
May 07,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရက် (၁၀၀) စီမံချက်ဖြင့် နားခိုကျေးရွာအုပ်စု၊ နားခိုကျေးရွာရှိ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်အတွက် ဖွင့်လှစ်ပေးသည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာ ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။
ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများအား ပုံနှိပ်စာအုပ် တစ်ဒါဇင်၊ ဝတ်စုံအခမဲ့ထုတ်ပေး
May 07,2026
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ပညာသင်ကြားနိုင်စေရန်အတွက် ပုံနှိပ်စာအုပ်၊ ဝတ်စုံကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေကူမြို့နယ်အတွင်းရှိ စင်တင်တေးဂီတနှင့် KTV ဆိုင်များ လုပ်ငန်းကြီးကြပ်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်
May 07,2026
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ  KTV (၂) ဆိုင်သို့  မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဦးဆောင်သော ပူးပေါင်းအဖွဲ့က မေ ၄ ရက်နေ့နံနက် ၁၁ နာခွဲအချိန်တွင် စင်တင်တေးဂီတနှင့်  KTV လုပ်ငန်းလိုင်စင်၊ လုပ်ငန်းကြီးကြပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လူငယ်ရေးရာ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမောင်သင်း ပြင်ဦးလွင်ဒေသခံလူငယ်များနှင့်တွေ့ဆုံ
May 07,2026
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင် လူငယ်ရေးရာ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမောင်သင်းနှင့် ‌ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဒေသခံလူငယ်များနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီက ပြင်ဦးလွင်ခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။
နမ့်ခမ်းမြို့နယ်အတွင်းရှိ ပြည်သူများအား အစိုးရသစ်လက်ထက် ရက်(၁၀၀)ကာလ လမင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
May 07,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ပြည်သူများအား အစိုးရသစ် လက်ထက် ရက်(၁၀၀)ကာလ လမင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို ယာယီရုံးဖွင့်လှစ်ထားရှိသည့် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ငွေဆင်အိမ်ရာတွင် မေလ (၅) ရက်နေ့ နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မင်းလှမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက် သင်တန်းဖွင့်လှစ်
May 07,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက သဖန်းချောင်းကျေးရွာ၊ အောင်သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဘိုကလေးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာများ၊ စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာများအား အသိပညာပေး ဟောပြောပွဲ ပြပွဲများဆောင်ရွက်
May 07,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၉)ရပ်ကွက်ရှိ မုန်တိုင်းဒဏ်ခံအဆောက်အဦး ဆိုင်ကလုန်းရှယ်တာတွင် မေ ၇ ရက်နေ့နေ့လယ် (၂)နာရီအချိန်က မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြပွဲများ ကျင်းပဆောင်ရွက်သည်။