မြစ်သားမြို့နယ် လူထုအ‌ခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မြစ်သား မေ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြိုနယ်တွင်စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဒေသခံပြည်သူများနှင့် စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို မေ ၇ ရက် နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ပြပွဲများကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားပြီး ဘဝတိုးတက် အောင်မြင်မှုရရှိလာနိုင်ပုံများ၊ စာဖတ်ခြင်း၏အကျိုး ကျေးဇူးများအပြင် ပြည်သူများအနေဖြင့် ဗဟုသုတများစွာရရှိစေရန် အမှား၊ အမှန်ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် သုတ၊ ရသစာအုပ်စာစောင်များကို ပြည်သူ့စာကြည့်တိုက်တွင် (အခမဲ့) ငှားရမ်းပေးသည့်အပြင် လာရောက်ငှားရမ်းရန် အခက်အခဲရှိသည့် စာဖတ်ပရိသတ်လက်ဝယ်အ ရောက်ငှားရမ်းပေးခြင်းတို့ကြောင့် စာအုပ်များငှားရမ်း ဖတ်ရှုသူများတိုးပွားလျက်ရှိပြီး ခင်းကျင်းပြသထားသော စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲများကို ဒေသခံပြည်သူများ၊ စာဖတ်ပရိသတ်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)