သတင်းများ

မိုင်းပျဥ်းမြို့၌ အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်အရ ကျေးရွာမြေငှားဂရန်ပေးအပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
May 11,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့နယ်တွင် အစိုးရသစ်၏ရက်(၁၀၀)စီမံချက်အရ ကျေးရွာမြေငှားဂရန်ပေးအပ်နိုင်ရေးအတွက် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်မတ်(လွန်စိုင်း)ရွာ၊ ဘုန်းကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ရပ်စောက်၌ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် ပြည်သူ့အကျိုးပြု နယ်လှည့်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်
May 11,2026
ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့၊ ဇော်ဂျီရပ်ကွက်၊ မင်းလမ်းရှိ ရဿဝတီခန်းမ၌ ယမန်နေ့ နံနက် ၈ နာရီက ရှမ်းပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (တောင်ကြီး)မှ ရက်(၁၀၀)စီမံချက်အရ ရပ်စောက်မြို့နယ်အတွင်းရှိ လူ/မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များအား လိုင်စင်သက်တမ်းတိုးမြှင့် ဆောင်ရွက်ပေးမှုပြုလုပ်ခဲ့ရာ
ပခုက္ကူမြို့၌ ကျောင်းအခြေပြု ဘေးအန္တရာယ်လျော့ပါးရေး နည်းပြသင်တန်း ဖွင့်လှစ်
May 11,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ စီမံချက်လုပ်ငန်းများစီမံခန့်ခွဲရေးယူနစ်မှဖွင့်လှစ်သော ကျောင်းအခြေပြုဘေးအန္တရာယ်လျော့ပါးရေး နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၆ ခုနှစ်၊ ဝန်ကြီးချုပ်ဖလား (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်
May 11,2026
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မေလ ၉ ရက်နေ့ညနေ ၃ နာရီခွဲက မြစ်ကြီးနားခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ငြိမ်းချမ်းသာယာဘော်လီဘောအားကစားရုံ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လှပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။
ကျုံပျော်၌ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရဆရာတော်အား ဂုဏ်ပြုပူဇော်ပွဲပြုလုပ်
May 11,2026
မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဆရာတော်ဘဒ္ဒန္တပညာသီဟအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ သရက်ကုန်းကျေးရွာ လောကရန်ကင်း ကျောင်းတိုက်၌ ယမန်နေ့နံနက်က ပြုလုပ်သည်။
ကျောက်ဆည်မြို့နယ် ပတ္တာကျေးရွာ တောင်သူဦးကြည်စိုး စိုက်ပျိုးထားသော မိုးကြိုစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
May 11,2026
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဒေသတွင်း ဆန်စပါးဖူလုံပိုလျှံရေး၊ ဆည်ရေသောက်စနစ်ဖြင့် မိုးကြိုစပါးများ စိုက်ပျိုးလျက်ရှိရာ ပတ္တာကျေးရွာ တောင်သူဦးကြည်စိုး စိုက်ပျိုးထားသော ရွှေမနော် မိုးကြိုစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် မြေအောက်ရေဖြင့် စိုက်ပျိုးထားသော ပြောင်းဖူးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
May 11,2026
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့ အမှတ်(၃)ရပ်ကွက် နွားကျော်ဒရပ်၌ မြေအောက်ရေဖြင့် စိုက်ပျိုးထားသော ပြောင်းဖူးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
တံတားဦးမြို့နယ် သမဝါယမဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် နို့စားနွားမွေးမြူရေးအတွက် အစာစရိတ် ထောက်ပံ့ပေးအပ်
May 11,2026
တံတားဦးခရိုင် တံတားဦးမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးဆောင်ပြီး အစိုးရသစ်လက်ထက် ရက်(၁၀၀)စီမံချက်ဖြင့် တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာစွမ်းထက်အောင် နို့စားနွားမွေးမြူရေး သမဝါယမအသင်းအတွက် အစာစရိတ်ထောက်ပံ့ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အတွင်း၌ ကျင်းပကြောင်း သိရသည်။