သတင်းများ

မော်လမြိုင်မြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
May 11,2026
မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့နယ်၌ မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေပိုင်းက ‌မော်လမြိုင်မြို့ လှိုင်ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း (ရွှေပြည်အေး)၌ ကျင်းပပြုလုပ်သည်။
ဒုတိယအကြိမ် နွေရာသီအခြေခံ ကွန်ပျူတာ၊ အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲ ပြုလုပ်
May 11,2026
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်သည့် ဒုတိယအကြိမ် နွေရာသီအခြေခံကွန်ပျူတာ၊ အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
ပလောက်မြို့၌ ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 11,2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးကို မေလ ၁၁ ရက်နေ့နံနက်ပိုင်းက ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းဝန်းတွင် ဆောင်ရွက်ခဲ့ကြသည်။
ပြည်ကြီးတံခွန်မြို့နယ် မီးသတ်စခန်း၌ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ အသင့်စုဖွဲ့ထားရှိ
May 11,2026
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်မီးသတ်စခန်း၌ ယနေ့နံနက်ပိုင်းက ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ အသင့်စုဖွဲ့ထားကြောင်း သိရသည်။ 
စေတုတ္တရာမြို့နယ်တွင် ပထမရက်(၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
May 11,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အများပြည်သူတို့၏ အခြေခံလိုအပ်ချက်များကိုရှေးရှု၍ ဝန်ဆောင်မှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိရာ အစိုးရအသစ်၏ ပထမရက် ၁၀၀ ကာလစီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ခြင်ပြစ်ကိုင်းကျေးရွာသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဘီးလင်းမြို့နယ်ရှိ သကြားစက်ရုံ၊ တာယာစက်ရုံနှင့် အထပ်သားစက်ရုံများအား ကြည့်ရှုစစ်ဆေး
May 11,2026
မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ်ပိုင်းက ဘီးလင်းမြို့နယ်ရှိ သကြားစက်ရုံ၊ တာယာစက်ရုံနှင့် အထပ်သားစက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ညောင်ဦးမြို့နယ်၌ သဘာဝမြေဆွေးပြုလုပ်ပုံအားလက်တွေ့ကွင်းဆင်းပြုလုပ်ပေး
May 11,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနသည် အစိုးရသစ်၏ ရက် (၁ဝဝ) စီမံချက်အတွင်း မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝမြေဆွေးပုံ ပြုလုပ်သုံးစွဲ နည်းပညာပေးဆောင်ရွက်ခြင်းကို မေ ၁၁ ရက် နံနက်ပိုင်းက စိုက်ပျိုးရေးဝန်ထမ်းများ ကျေးရွာများအရောက်ကွင်းဆင်း၍ သဘာဝမြေဆွေးမြေဩဇာ ပြုလုပ်ခြင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ဆိပ်ဖြူမြို့နယ်တွင် အပူဒဏ်ခံကြက်လည်လိမ်ရောဂါကာကွယ်ဆေး(အခမဲ့) ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိ
May 11,2026
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် အပူဒဏ်ခံကြက်လည်လိမ်ရောဂါကာကွယ်ဆေး(I2) အခမဲ့ဆေးခပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။