သတင်းများ

ကိုကိုးကျွန်းမြို့နယ်တွင် ဝန်ထမ်းစာဖတ်ဝိုင်း ပြုလုပ်
May 11,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာတွင် ယနေ့နံနက် (၉) နာရီအချိန်၌ ဝန်ထမ်းစာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရပ်စောက်၌ ရက်(၁၀၀) စီမံချက်ဖြင့် တိရစ္ဆာန်ကူးစပ်ရောဂါကာကွယ်ဆေးများထိုးနှံခြင်း ကွင်းဆင်းဆောင်ရွက်
May 11,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ လွယ်ကိုးကျေးရွာအုပ်စု၊ နောင်ဖန်ကျေးရွာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှတာဝန်ရှိသူများက တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ရေး ရက် (၁၀၀)ကာကယ်ဆေးထိုးစီမံချက် ကွင်းဆင်းဆောင်ရွက်လျက်ရှိပါသည်။
အောင်လံမြို့၌ အစားအသောက်နှင့်ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်
May 11,2026
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် အစားအသောက်နှင့် ဆေးဝါး ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး အစားအသာက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မှတာ၀န်ရှိသူများနှင့် အောင်လံ ခရိုင်နှင့်မြို့နယ် အစားအသောက်နှင့်‌ ‌ဆေး၀ါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့၀င်များနှင့် ပူးပေါင်း၍ အောင်လံမြို့စည်ပင်သာယာဈေးတွင် ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကံမမြို့နယ်၌ မဒေးရေလှောင်တမံမှ စိုက်ပျိုးရေ လုံ​​​လောက်စွာရရှိစေရေး လယ်ကြားမြောင်းများတူးဖော်၍ စိုက်ပျိုးဆောင်ရွက်
May 11,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းရှိ မဒေးရေလှောင်တမံ ဆည်ရေသောက်ဧရိယာတွင် ပါဝင်သည့် ကျေးရွာများရှိ ဒေသခံတောင်သူများအနေဖြင့် သီးနှံစိုက်ပျိုးချိန် ရေလေလွင့်မှုမရှိစေရန်၊ စိုက်ပျိုးရေကို ပိုမိုအကျိုးရှိထိရောက်စွာ အသုံးချနိုင်စေရန်နှင့် စိုက်ပျိုးရေကို စိုက်ကွင်းများဆီသို့ အချိန်တိုအတွင်း လိုအပ်သော ရေပမာဏရရှိစေရန်အတွက် လယ်ကြားမြောင်းများတူးဖော်၍ စိုက်ပျိုးဆောင်ရွက်လျက်ရှိသည်။
၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားများဆုနှင့် အကောင်းဆုံး (အုပ်ချုပ်သူ/နည်းပြ) ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
May 11,2026
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ် ကျင်းပသည့် ၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားများဆုနှင့် အကောင်းဆုံး (အုပ်ချုပ်သူ/နည်းပြ) ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)၊ ကျိုက္ကဆံကွင်း၊ ပြည်ထောင်စုခန်းမတွင် ကျင်းပသည်။
ဓနုဖြူမြို့နယ်တွင် မီးဘေး၊ ငလျင်ဘေး၊ လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
May 11,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မီးဘေး၊ ငလျင်ဘေး၊ လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းကမြို့တွင်းလမ်းဆုံနေရာများ၊ စျေးများ၊ လူစည်ကားရာနေရာများ၊ ကျေးရွာလမ်းဆုံလမ်းဂွနေရာများ၌ ဆောင်ရွက်ခဲ့သည်။
ကျောင်းကုန်းမြို့၌ ၂၀၂၆ ခုနှစ် လေးထပ်ကွမ်းလူရည်ချွန် မကောင်းဆုဟံသာအား ဂုဏ်ပြုချီးမြှင့်
May 11,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ၂၀၂၆ ခုနှစ် လေးထပ်ကွမ်းလူရည်ချွန် မကောင်းဆုဟံသာအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ကွန်ဟိန်းမြို့၊(Community Centre)ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်
May 11,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအား ယနေ့နံနက် ၁၀ နာရီခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။