သတင်းများ

အုတ်တွင်းမြို့နယ် ဂုဏ်ဆောင် လူရည်ချွန်မောင်မယ်အား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနား ကျင်းပပြုလုပ်
May 11,2026
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ထူးချွန်ထက်မြက်သည့် လူရည်ချွန်လေ့လာရေး အပန်းဖြေစခန်းများသို့ လေ့လာရေးခရီးစဥ် သွားရောက်ခဲ့ကြပြီး မေလ ၁၁ ရက်နေ့ နံနက် ၈ နာရီအချိန်က အုတ်တွင်းမြို့သို့ ပြန်လည်ရောက်ရှိလာရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး ဒေါ်ကြူကြူမာ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများက ပန်းကုံး၊ပန်းစည်းများနှင့် ဂုဏ်ပြုဆုငွေများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
သင်္ဃန်းကျွန်းခရိုင်တွင် ရပ်ကွက် (၃၈) ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 11,2026
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သင်္ဃန်းကျွန်းခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးသင်တန်း ဖွင့်လှစ်
May 11,2026
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ရွာမအရှေ့ရပ်ကွက်၊ မင်းကြီးလမ်း၊ အင်းစိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးသင်တန်းဖွင့်ပွဲကို  ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
လှိုင်းဘွဲမြို့နယ်၌  အခြေခံစားသောက်ကုန်ထုတ်လုပ်မှုနှင့်အခြေခံလူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းဖွင့် 
May 11,2026
ကရင်ပြည်နယ်အစိုးရအဖွဲ့၏  ခွင့်ပြုရန်ပုံငွေဖြင့်   တိုင်းရင်းသားအခွင့်အရေးများ     ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှကြီးမှူး ဖွင့်လှစ်သည့် အခြေခံစားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံက် ၈နာရီခွဲက လှိုင်းဘွဲမြို့နယ် ဒိုင်းပကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံခန်းမ၌ကျင်းပရာ ကရင်ပြည်နယ်မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမင်းမျိုးမြင့်နိုင် တက်ရောက်သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူဒေသအတွင်း တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေ‌ရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်
May 11,2026
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက တောင်ငူဒေသအတွင်း တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
တာချီလိတ်မြို့၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ
May 11,2026
‎ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ စက်သုံးဆီအရောင်းဆိုင်များ၏ မီးဘေးလုံခြုံရေး ပိုမိုကောင်းမွန်လာစေရေးနှင့် ဝန်ထမ်းများ၏ မီးဘေးတုံ့ပြန်နိုင်စွမ်း မြင့်မားလာစေရန် ရည်ရွယ်၍ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ ဖွဲ့စည်းလေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ဆန်ဆိုင်း (ခ)ရပ်ကွက် မြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမတွင် ကျင်းပသည်။
မိတ္ထီလာမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့်  ကျေးလက်နေလူမှုစီးပွားဘဝ မြင့်တင်ရေးအတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းပြုလုပ်နည်း (ဆပ်ပြာ)သင်တန်းဖွင့်ပွဲ ကျင်းပ
May 11,2026
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌  ရက် (၁၀၀)စီမံချက်ဖြင့် ကျေးလက်နေလူမှုစီးပွားဘဝ မြှင့်တင်ရေးအတွက် အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းပြုလုပ်နည်း (ဆပ်ပြာ) သင်တန်းဖွင့်ပွဲကို မေလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီက နတ်ကြီးကုန်းကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် အုတ်ကြွပ်အမိုးပြားထုတ်လုပ်ခြင်းနှင့် စက်ကိရိယာ ကိုင်တွယ်မောင်းနှင်အသုံးပြုနည်း သင်တန်းဖွင့်
May 11,2026
ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဦးစီးဖွင့်လှစ်သည့် အုတ်ကြွပ်အမိုးပြားထုတ်လုပ်ခြင်းနှင့် စက်ကိရိယာကိုင်တွယ်မောင်းနှင်အသုံးပြုနည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ယန်းလောကျေးရွာအုပ်စု၊ ဟွမ်ဟကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည်။