ဘုတ်ပြင်း မေ ၁၂
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ထူးချွန်ထက်မြက်သည့် ဘုတ်ပြင်းခရိုင်ဂုဏ်ဆောင် လူရည်ချွန်မောင်မယ် ကျောင်းသား၊ ကျောင်းသူများသည် လူရည်ချွန်စခန်းများသို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြပြီး ပြန်လည်ရောက်ရှိလာရာ ယနေ့နံနက်က အထက-ဘုတ်ပြင်းကျောင်း၌ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ၊ ကျောင်းအကျိုးဆောင်အဖွဲ့များက ဂုဏ်ပြုကြိုဆိုကြသည်။
လူရည်ချွန်မောင်မယ်များကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ မိဘအုပ်ထန်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များက ဂုဏ်ပြုပန်းကုံး၊ ပန်းစည်းများဖြင့် ကြိုဆိုဂုဏ်ပြုကြသည်။ ဆက်လက်၍ အထက-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမ၌ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လူရည်ချွန်မောင်မယ်များအားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားပြီး လူရည်ချွန်မောင်မယ်များက လူရည်ချွန်လေ့လာရေး ခရီးအတွေ့အကြုံများကို ပြောကြားသည်။ ယင်းနောက် ကျောင်းသားမိဘတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး လူရည်ချွန်ကျောင်းသားကျောင်းသားများကို မြို့တွင်းသို့ လှည့်လည်ဂုဏ်ပြုကြသည်။
ဘုတ်ပြင်းခရိုင်ဂုဏ်ဆောင် (၂)ထပ်ကွမ်း လူရည်ချွန်မောင်မယ် (၂)ဦးဖြစ်သည့် အထက-ဘုတ်ပြင်းကျောင်း Grade-11 မှ မောင်စံချိန်မီနှင့် မဖြူသင်းခိုင်တို့နှစ်ဦးသည် ပြင်ဦးလွင်၊ အင်းလေး၊ ငွေဆောင်နှင့် နေပြည်တော် လူရည်ချွန်လေ့လာရေးအပန်းဖြေစခန်းများသို့သွားရောက်လေ့လာကြပြီး မေ(၁၁)ရက်တွင် ရန်ကုန်မြို့မှလေကြောင်းခရီးဖြင့် ကော့သောင်းမြို့သို့ လည်းကောင်း၊ ကော့သောင်းမှတစ်ဆင့် မော်တော်ကားဖြင့် ယနေ့နံနက်တွင် ဘုတ်ပြင်းမြို့သို့ ပြန်လည်ရောက်လာကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက်)