သတင်းများ

ကျောက်မဲမြို့နယ်၏ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်
May 13,2026
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၏ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုင်းတုံမြို့နယ်တွင် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
May 13,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ တောင်သူလယ်သမားများ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက် အရင်းအနှီးများရရှိစေရန်အတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျိုင်းတုံခရိုင်ဘဏ်ခွဲရုံးတွင် ဒေသခံတောင်သူများအား စတင်ထုတ်ချေးပေးကြောင်း သိရသည်။
ကံမမြို့နယ်၌ တောင်သူများအား သီးနှံမျိုးစေ့များပေးအပ်
May 13,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်မည့်တောင်သူများအား သီးနှံမျိုးစေ့များပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၁) နာရီက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ရွှေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာအုပ်စုအသီးသီးမှ တောင်သူများတက်ရောက်ကြသည်။
သံဖြူဇရပ်မြို့နယ်၌ရက်(၁၀၀)စီမံချက်ဖြင့် မှုခင်းကျဆင်းရေးအသိ ပညာပေးဟောပြောခြင်း ဆောင်ရွက်
May 13,2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ အစိုးရအဖွဲ့၏ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန သံဖြူဇရပ်မြို့နယ်ရဲတပ်ဖွဲ့မှ မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောခြင်းကို ယမန်နေ့ ရက်မွန်းလွဲပိုင်းက ကြံ့ခိုင်ရေးရပ်ကွက်နှင့် အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
မြောက်ဥက္ကလာပမြို့နယ်၌ ကိုယ်၀န်‌ဆောင်မိခင်များနှင့် မွေးစမှအသက် ၂ နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ
May 13,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ကိုယ်၀န်ဆောင်မိခင်များနှင့် မွေးစမှအသက် ၂ နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် သတ်မှတ်စုရပ် ရပ်ကွက်အသီးသီးတွင် နေ့ရက်များအလိုက် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ် ထူးပေါက်ကျေးရွာ၌ ဂါလံ (၅၀၀၀) ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်
May 13,2026
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ထူးပေါက်ကျေးရွာ၌ ဂါလံ (၅၀၀၀) ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းအား ယမန်နေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုင်းပန်မြို့နယ်ဂုဏ်ဆောင် လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆို
May 13,2026
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ ထူးချွန်ထက်မြက်သည့် မိုင်းပန်မြို့နယ်ဂုဏ်ဆောင် လူရည်ချွန်မောင်မယ် ကျောင်းသား၊ကျောင်းသူများသည် လူရည်ချွန်စခန်းများသို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြပြီး ပြန်လည်ရောက်ရှိလာရာ ယမန်နေ့ညနေက အ.လ.ကမွေတော်ကျောင်း၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများတာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများနှင့် ကျောင်းအကျိုးဆောင်အဖွဲ့များက ဂုဏ်ပြုကြိုဆိုကြသည်။
မိုးညိုမြို့နယ်၌ ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်
May 13,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှုရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။