သံဖြူဇရပ် မေ ၁၄
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ နှစ်ကိုင်းကျေးရွာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက် (၁၀၀) အတွင်း ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက နှစ်ကိုင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်ခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မထီဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် မြိုနယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းနိုင်တို့ပါဝင်သည့် မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့နှင့် ကျေးရွာအဆင့်လုပ်ငန်းအဖွဲ့များမှ ကျေးရွာမြေငှားဂရန်လျှောက်ထားဆောင်ရွက်မည့် အိမ်ထောင်စုများနှင့်တွေ့ဆုံ၍ မြေငှားဂရန်ဆောင်ရွက်မည့်လုပ်ငန်းများကို ချပြဆွေးနွေးခြင်း၊ မြေစာရင်းပုံစံ -၁၀၃ လျှောက်ထားမှုများ ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးဌာနကလယ်ယာမြေ ပုံစံ- ၇ လျောက်ထားမှုများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ မြေလွတ်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေဆိုင်ရာ အသိပညာပေးခြင်းများဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)