သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်
May 14,2026
စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို မေလ ၁၄ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိများနှင့်တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
လက်ပံတန်းမြို့နယ်၌ KG နှင့် Grade.1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့်ဆွေးနွေးပွဲကျင်းပ
May 14,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် KG နှင့် Grade.1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့်ဆွေးနွေးပွဲကို ယနေ့ နေ့လယ်ပိုင်းက အ.ထ.က (၁) ကျောင်း နဝဒေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန် မော်လမြိုင်မြို့၊ လှိုင်ရတနာမြို့ကွက်သစ် ရေပေးရေး စီမံကိန်းလုပ်ငန်းခွင်သို့ ကွင်းဆင်းစစ်ဆေး
May 14,2026
မွန်ပြည်နယ်၊ မော်လမြိုင်မြို့အတွင်းရှိ ဒေသခံပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူဖုံစွာရရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိသော လှိုင်ရတနာမြို့ကွက်သစ် ရေပေးရေးစီမံကိန်းလုပ်ငန်းခွင်သို့ ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်သည် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
မြောင်းမြမြို့တွင် ရက်(၁၀၀)စီမံချက်ဖြင့် ပျားမွေးမြူရေးပြည်သူပညာပေးသင်တန်းဖွင့်လှစ်
May 14,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးတွင် ရက်(၁၀၀)စီမံချက်ဖြင့် ဝတ်မှုန်ကူးသည့် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် ပျားဝတ်မှုန်ကူးခြင်းနှင့် ပျားမွေးမြူရေးဆိုင်ရာ အသိပညာများရရှိစေရန် ရည်ရွယ်၍ ပျားမွေးမြူရေး ပြည်သူပညာပေးသင်တန်းကို မေလ (၁၄) ရက်နေ့နံနက် (၁၀း၃၀) နာရီအချိန်က ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်၌ ရက် (၁၀၀) စီမံချက် အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ရင်းဆေးပညာဖြင့် ကျန်းမာ‌ရေး‌စောင့်ရှောက်မှု အခမဲ့ကွင်းဆင်းကုသဆောင်ရွက်
May 14,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းအခမဲ့ဆေးကုသမှုကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၃) ရပ်ကွက် စန္ဒကူးရနံ့စာကြည့်တိုက်၌ ဆောင်ရွက်ခဲ့သည်။
ကြံခင်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်း ၁၂၂ ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှစ်ကျောင်းတို့တွင် အောင်စာရင်းများ ကပ်ထားကြေညာ
May 14,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်း ၁၂၂ ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှစ်ကျောင်းတို့တွင် ယနေ့နံနက် ၆ နာရီမှစတင်၍ အောင်စာရင်းများ ကြေညာကပ်ထားလျက်ရှိကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
May 14,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် အများပြည်သူများအား အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ အသိပညာလက်ကမ်းစာစောင်များအား စဉ်ဆက်မပျက်ဖြန့်ဝေပေးလျက်ရှိသည်။
ကြံခင်းမြို့၌ KG, G-1 နှင့် မူကြိုသင်ပြနည်းစနစ်ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (မြို့နယ်အဆင့်) ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်အနားကျင်းပ
May 14,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက် တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက KG,G-1 နှင့် မူကြိုသင်ပြနည်းစနစ်ချိတ်ဆက်ဆောင်ရွက် နိုင်ရေးရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို အောင်ကျော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးနှင့်ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ တက်‌ရောက်ကြသည်။