သတင်းများ

ညောင်တုန်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးစစ်ဆေးဆောင်ရွက်
May 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကန်ကြီးထောင့်မြို့နယ် အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီး‌ထောင့်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကန်ကြီး‌ထောင့်မြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းရှိ အမျိုးသားခန်းမ၌ ကျင်းပခဲ့ကြသည်။
ကျွန်းလှမြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေးဆောင်ရွက်လျက်ရှိ
May 23,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တစ်နိုင်ငံလုံး၌ တစ်ပါးတည်းသာ ပိဋကတ်တစ်ပုံအောင်သည့် ဘိုကလေးမြို့နယ်မှ အရှင်သူမြတ်အား ဂုဏ်ပြုပူဇော်ပွဲကျင်းပ
May 23,2025
နိုင်ငံတော်အစိုးရမှ ကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ် (၇၇)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးတွင် ဝိနယပိဋက ဝိနည်းနောက်ပိုင်း ခန္ဓက(၃)ကျမ်းကို မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ တစ်ပါးတည်းသာ အောင်မြင်တော်မူပြီး နိုင်ငံတော်မှဆက်ကပ်သော ပိဋကတစ်ပုံအောင်(ဝိနယကောဝိဒဘွဲ့)ကိုရရှိတော်မူသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ကျော်ဇံထေရဝါဒကျောင်းတိုက် ဦးဆောင်ဆရာတော်နှင့် ရန်ကုန်မြို့ မြတ်ရတနာ ဆရာတော်တို့၏ တပည့်အရှင်လာဘသာမီလင်္ကာရအား ယနေ့နံနက်(၈)နာရီခွဲ အချိန်၌ ဘိုကလေးမြို့မ ဆွမ်းလောင်းအသင်းဓမ္မာရုံကြီးတွင် ထပ်ဆင့်ဂုဏ်ပြုပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တံတားဦးခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ( ၁၅၂၃၀ )ဦး ကျောင်းအပ်လက်ခံပြီးစီး
May 23,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ပညာသင်ကြားနိုင်စေရန်ရည်ရွယ်၍ “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံ ကြပါစို့ “ဟူသောဆောင်ပုဒ်နှင်အညီ တံတားဦးခရိုင်၌ ကျောင်းသား၊ ကျောင်းသူများအားလုံး အခြေခံပညာကျောင်းများအသီးသီးတွင် မေလ(၂၂)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်လက်ခံ ဆောင်ရွက်နေကြောင်းသိရသည် ။
ဇလွန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 23,2025
ဧရာ၀တီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အ.ထ.က (၁)ဇလွန် အမျိုးသားကျောင်းဆောင် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ စခန်းသွင်းသင်ကြားနေသည့် ကျောင်းသား/သူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆေးရည်စိမ်ခြင်ထောင်များ ထောက်ပံ့ပေးအပ်
May 23,2025
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် G-12 နောက်ဆက်တွဲတက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည် ဖြေဆိုကြမည့် စခန်းသွင်း သင်ကြားနေသည့် ကျောင်းသား/သူများ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆေးရည်စိမ်ခြင်ထော်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းအတွင်း၌ ကျင်းပကြောင်းသိရသည်။
လေးမျက်နှာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးနေ့အဖြစ် ကျောင်းအပ်လက်ခံ
May 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းများတွင် “ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်အတိုင်း ယမာန်နေ့မှစတင်ပြီး မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် စတင်ကျောင်းအပ်လက်ခံလျက်ရှိသည်။