သတင်းများ

ရေဖြူ၌ ဝဥစိုက်ပျိုးခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ
May 23,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ဝဥစိုက်ပျိုးခြင်းဖြင့်မိသားစု အပိုဝင်ငွေရရှိသဖြင့် ဝဥကို ကျေးရွာအသီးသီးရှိ ဥယျာဉ်ခြံမြေများတွင် အများဆုံး စိုက်ပျိုးကြသည်။
ကျုံပျော်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်
May 23,2025
“ကျောင်းနေအရွယ် ကလေးအားလုံးစဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ် ဆောင်ပုဒ်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၌ ကျောင်းအပ်နှံရေးလုပ်ငန်းများ လက်ခံဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအသီးသီး၌ တစ်ပြိုင်နက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပိုစတာများ စိုက်ထူ
May 23,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပိုစတာစိုက်ထူခြင်းများကို  ကော့သောင်းမြို့၊ အဝိုင်းပတ်နှင့် ရွှေပြည်စိုးကျေးရွာမီးပွိုင့်တို့တွင် ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
ရွှေကူမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်
May 23,2025
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် အခြေခံပညာကျောင်းများ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းကို ယမန်နေ့နံနက် ၉ နာရီခန့်မှစတင်၍ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီတစ်ပိဿာလျှင် ၇၇၀၅/- ကျပ်နှုန်းဖြင့် ‌‌ဈေးနှုန်းချိုသာစွာ ရောင်းချပေး
May 23,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် Resources Group Trading Co. Ltd နှင့် Hike Co.Ltd များဦးဆောင်မှုဖြင့် ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မြစ်သားမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား စျေးနှုန်းချိုသာစွာစားသုံးနိုင်ရန်အတွက် စားအုန်းဆီတစ်ပိဿာ ၇၇၀၅/-ကျပ်နှုန်းဖြင့်  ယနေ့နံနက် (၈)နာရီမှ နေ့လည် (၁၂) နာရီအထိ ရောင်းချပေးခဲ့ကြောင်း သိရသည်။
တမူးမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 23,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ကဘော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre တွင် မြန်မာ့သနပ်ခါးအကြောင်း ဟောပြောသရုပ်ပြပွဲ အခမ်းအနားကျင်းပ
May 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင်ဒဂုံမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် Book Club အဖွဲ့၀င် များပူးပေါင်း၍ မြန်မာ့သနပ်ခါးဆေးဖက်၀င်အကြောင်း အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကို မေ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်း
May 23,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မေ ၂၀ ရက်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။