သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက် ကုန်များ ပေးအပ်ခြင်း အခမ်းအနားကျင်းပ
May 23,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သော တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ကြကြောင်းသိရသည်။
ကရင်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
May 23,2025
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ (၂/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂) ၌ ကျင်းပသည်။
တောင်ဥက္ကလာပမြို့နယ် အမှတ်(၈)ရပ်ကွက်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ကွင်းဆင်းဆောင်ရွက်
May 23,2025
တောင်ဥက္ကလာပမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို မေလ ၂၀ ရက်နေ့နံနက် (၁ဝး၃၀)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်းအဖွဲ့၀င်များက  အမှတ်(၈) ရပ်ကွက်သို့ကွင်းဆင်း၍ဆောင်ရွက်ခဲ့သည်။
ဘိုကလေးမြို့နယ်တွင် ကြဲခင်းစနစ်အစား မျိုးစေ့ချကိရိယာ(Drum Seeder) အသုံးပြု၍ စိုက်ပျိုးနိုင်ရေး တွေ့ဆုံဆွေးနွေး
May 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နေ့လယ်(၁)နာရီခွဲအချိန်၌ မိုးစပါးစိုက်ပျိုးရာသီ အထွက်နှုန်း တိုးတက်စေရေးသမားရိုးကျ ကြဲခင်းစနစ်အစား Drum Seeder အသုံးပြု၍  မျိုးစေ့ချ စိုက်ပျိုးနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 23,2025
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁)အ ခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ချောင်းသာမြို့ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်လက်ခံခြင်းများဆောင်ရွက်
May 23,2025
နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ဒုတိယမြောက်နေ့အဖြစ် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ပြင်ဦးလွင်မြို့တွင် စုပေါင်းအမှိုက်ကောက်ပွဲ (Plastic Campaign) ကျင်းပ   
May 23,2025
၂၀၂၅ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် အထိမ်းအမှတ်အကြိုလှုပ်ရှားမှုအဖြစ် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ ဌာနရှိအရာထမ်းအမှုထမ်းများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ ပူး‌ပေါင်းပါဝင်သည့် စုပေါင်းအမှိုက်ကောက်ပွဲ (Plastic Campaign) အား ယမန်နေ့နံနက် (၉) နာရီအချိန်က ပြင်ဦးလွင်မြို့၊ မြို့ရှောင်လမ်းရှိ ထင်းရှူးတော လမ်း‌‌ဘေးဝဲယာတစ်လျှောက်၌  ကျင်းပပြုလုပ်ခဲ့သည်။  
ပန်းတနော်မြို့တွင် တိုင်းရင်းဆေးအကြောင်း သိကောင်းစရာဟောပြောခြင်းနှင့် အခမဲ့ဆေးကုသခြင်းများဆောင်ရွက်
May 23,2025
ရဟန်းသံဃာများ  အနာရောဂါကင်းရှင်း၍ ကျန်းမာရေး ပိုမိုကောင်းမွန်စေရန်အတွက် တိုင်းရင်းဆေးအကြောင်း သိကောင်းစရာဟောပြောခြင်းနှင့် အခမဲ့ဆေးကုသခြင်းကို ပန်းတနော်မြို့နယ်၊ အနောက်ပိုင်းရပ်ကွက်၊ ပရိယတ္တိစာသင်ကျောင်းတိုက်၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။