သတင်းများ

သီပေါမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့်စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်
May 18,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အခြေခံပညာဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့၌ ဌာနဆိုင်ရာရုံးများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
May 18,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံးတုံ့ပြန်ဖြေရှင်းနိုင်ရန်နှင့် မီးဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ဌာနဆိုင်ရာရုံးများသို့ ယနေ့ နံနက် ၁၀ နာရီက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ ကွင်းဆင်းစစ်‌ဆေးသည်။
ဆိပ်ဖြူမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် တစ်ပိုင်တစ်နိုင်မွေးမြူထားရှိသည့် ဆိတ်၊ သိုးများ ကူးစက်ရောဂါကာကွယ်ဆေးများ(အခမဲ့)ထိုးနှံပေး
May 18,2026
မကွေးတိုင်းဒဒေသကြီး ဆိပ်ဖြူမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့် တစ်ပိုင်တစ်နိုင်မွေးမြူထားရှိသည့် ဆိတ်၊ သိုးများ ကူးစက်ရောဂါကာကွယ်ဆေးများ(အခမဲ့) ထိုးနှံပေးခြင်းလုပ်ငန်းကို မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက ရွာသစ်ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်သည်။
ထားဝယ်ခရိုင်မျိုးစေ့ဌာနခွဲမှ မိုးစပါးမျိုးစေ့ထုတ်လုပ်ခြင်းနည်းပညာပေးသင်တန်းဖွင့်လှစ်
May 18,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်မျိုးစေ့ဌာနခွဲက ရက်(၁၀၀)စီမံချက်ဖြင့် ယနေ့နံနက်ပိုင်းတွင် မိုးစပါးမျိုးစေ့ထုတ်လုပ်ခြင်းနည်းပညာပေးသင်တန်းကို ဖွင့်လှစ်သည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံပွဲအခမ်းအနား ကျင်းပ
May 18,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မိုင်းယုမြို့ ဗန္ဓုလခန်းမ၌ ယနေ့မွန်းလွဲပိုင်းက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ကမမောင်းမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ချိန် ကျောင်းဝန်းကျင်သန့်ရှင်းရေး စုပေါင်းဆောင်ရွက်
May 18,2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ချိန်၌ ကျောင်းဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် ယနေ့နံနက်ပိုင်းမှစ၍ အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းနှင့် အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့တွင် စုရပ်များခွဲ၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌  ပြည်သူများသို့ သက်‌သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာရောင်းချ
May 18,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှဦးဆောင်၍ ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းနှင့် အသားငါးဒိုင်များပူးပေါင်း၍ ယမန်နေ့နံနက် ၇ နာရီက နည်းပညာ တက္ကသိုလ် (ကျောက်ဆည်)၌ ပြည်သူ့သက်သာဈေးဖွင့်လှစ်၍ ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသည်။
နောင်ချိုမြို့နယ်တွင် လူထုအခြေပြု ကျန်းမာရေးလုပ်သား အကျဉ်းချုံးသင်တန်းဖွင့်လှစ်
May 18,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် လူထုအခြေပြု ကျန်းမာရေးလုပ်သားအကျဉ်းချုံးသင်တန်းဖွင့်ပွဲကို မေလ ၁၈ ရက် နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရုံးခန်းမတွင် ကျင်ပပြုလုပ်ခဲ့သည်။