ကမမောင်း မေ ၁၈
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ချိန်၌ ကျောင်းဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် ယနေ့နံနက်ပိုင်းမှစ၍ အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းနှင့် အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့တွင် စုရပ်များခွဲ၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ကမမောင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဦး ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်းကာ ကျောင်းဥပတိရုပ်ကောင်းမွန်စေရေး၊ ကျောင်းသန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်း၊ ကျောင်းဝန်းအတွင်းရှိ ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များအား စနစ်တကျ စွန့်ပစ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရသည်။
မြို့နယ် (ပြန်/ဆက်)