သတင်းများ

ချောက်မြို့နယ်ပညာရေးမှူးဖလား အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ
Jul 15,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ‌ကို မျိုးဆက်သစ်လူငယ်အားကစားသမားပေါ်ထွက်လာစေရန်၊ ဝန်ကြီးချုပ်ဖလားဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး မြို့နယ်အဆင့်‌ဘော လုံးလက်ရွေးစင်ကစားသမားပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပခဲ့ရာ ချောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဗိုလ်လုပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ယှဉ်ပြိုင်ကစားခဲ့ရာ အ.ထ.က(စလေ)အသင်းမှ အ.ထ.က (၂) ချောက်အသင်းအား သုံးဂိုးပြတ်ဖြင့် အနိုင်ရခဲ့‌ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးဟောပြောပွဲနှင့် ပိုးလောက်လမ်းနှိမ်နင်းရေး လုပ်ငန်းဆောင်ရွက်
Jul 15,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ရှင်းလင်းပြောကြားခြင်းနှင့် ပိုးလောက်လမ်းနှိမ်နင်းရေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဗိုလ်မင်းရောင်ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ  
Jul 15,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ဇူလိုင် ၁၅ ရက် နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပသည်။
ပုဗ္ဗသီရိမြို့နယ်၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ
Jul 15,2025
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များ ပိုမိုသိရှိလာစေရန်နှင့် အာဇာနည်နေ့ကို အစဥ်အမြဲအမှတ်ရစေရန် ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကန်ဇွန်းအင်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
သနပ်ပင်မြို့နယ်၌ သမဝါယမ မိုးစပါးစီမံကိန်းစိုက်ပျိုးမှုအခြေအနေအား ကွင်းဆင်းကြည့်ရူစစ်ဆေး
Jul 15,2025
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးစီမံကိန်းဆောင်ရွက်ရာတွင် ကျေးရွာ(၂)ရွာအတွက် အခြေခံသမဝါယမအသင်း (၂)သင်းမှ အသင်းသားတောင်သူ (၁၁၄)ဦးတို့အား မိုးစပါးဧက(၁၂၀၀)စိုက်ပျိုးရန်အတွက် တောင်သူများသို့ မိုးစပါးတစ်ဧကလျှင် ငွေကျပ် (၂၅၀၀၀၀/-)နူန်းဖြင့် ညီမျှသော သွင်းအားစုများကို ကုမ္ပဏီများနှင့်ချိတ်ဆက်၍ မြို့နယ်သမဝါယမအသင်းစုမှ တောင်သူလက်ဝယ်အရောက် ပေးပို့ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တွင် ဧရာဝတီ မြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်း ငါးကျောင်းထပ်မံ ယာယီပိတ်ထားရ
Jul 15,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ရေများ ဝင်ရောက်ခဲ့မှုကြောင့် အခြေခံပညာစာသင်ကျောင်း ငါးကျောင်း၌ ထပ်မံယာယီပိတ်ထားခဲ့ရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ ပြုလုပ်
Jul 15,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီက (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအား ပြည်သူများသိရှိစေရန် အသိပညာပေးဟောပြော
Jul 15,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအား ပြည်သူများသိရှိစေရန် အသိပညာပေးဟော‌ပြောခြင်းကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဇေယျာသီရိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးခိုင်မင်းထွန်း၊ ဇေယျာသီရိမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ရပ်မိ/ရပ်ဖများ၊ ဒေသခံပြည်သူများ  တက်ရောက်ခဲ့သည်။