သတင်းများ

ငပုတောမြို့နယ်၌ မြို့နယ်မြေစာရင်းဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားနှင့် အငြိမ်းစားဝန်ထမ်းများအား ဂါဝရပြုကန်တော့ခြင်း အခမ်းအနားကျင်းပ
Jul 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြေစာရင်းဦးစီးဌာန မြို့နယ်မြေစာရင်းဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားနှင့် မြေစာရင်း (အငြိမ်းစား) ဝန်ထမ်းပင်စင်စားများအား ဂါဝရပြုကန်တော့ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်‌မြေစာရင်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ကျုံပျော်မြို့နယ်၌ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးဟောပြော
Jul 20,2025
မီးဘေးအန္တရာယ်ကြောင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်စိန်ဘွင့်၏ လမ်းညွှန်မှုဖြင့် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့က အထောင်မြို့ အမှတ် (၂) ရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်းတွင်  ဆောင်ရွက်ခဲ့သည်။
ပန်းဘဲတန်းမြို့နယ် တိုးတက်အောင်ဆောက်လုပ်ရေးနှင့် အထွေထွေစီးပွါးရေးလုပ်ငန်း သမဝါယမအသင်းလီမိတက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Jul 20,2025
ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် တိုးတက်အောင်ဆောက်လုပ်ရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဇူလိုင်လ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက ပန်းဘဲတန်းမြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့သည်။ 
လှည်းကူးမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါအရှိန်အဟုန်မြှင့် ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သော သွေးလွန်တုပ်ကွေးရောဂါ အရှိန်အဟုန်မြှင့်ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ကျောက်ဆည်မြို့နယ်တွင် စာပေကဏ္ဍမြင့်မားတိုးတက်ရေး မြို့နယ်စာရေးဆရာအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 20,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင်  စာပေကဏ္ဍမြင့်မားတိုးတက်ရေး ယနေ့နံနက် (၁၀) နာရီက စာပေကဏ္ဍမြင့်မားတိုးတက်ရေး မြို့နယ်စာရေးဆရာအသင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ် (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ
Jul 20,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံဘာသာစကားသင်တန်း (MMKM Chinese Language Center) တို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်ရေး လူငယ်စကားဝိုင်းဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ​ခဲ့သည်။
ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ နေပြည်တော် စာပေဝိုင်း၏ လစဉ်စာပေဆွေးနွေးပွဲ ကျင်းပ
Jul 20,2025
စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့်ရရှိသည့် အတွေးအမြင်၊ ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာ၊ ဆရာမများနှင့် စာပေဝါသနာရှင်များဖြင့် လစဉ်စာပေဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး၊ ပြည်သူ့စာကြည့်တိုက်၌ ကျင်းပရာ နေပြည်တော်စာပေဝိုင်း ဂုဏ်ထူးဆောင်နာယက၊ ပခုက္ကူစာပေတစ်သက်တာဆုရှင် ဆရာမကြီး တင်ရီမ(ညောင်ဦး)၊ အမျိုးသားစာပေဆုရစာရေးဆရာ စိုးတင့်(ဧရာဝတီ)၊ ဒေါက်တာ အောင်ကျော်ဦး၊ ဒေါက်တာမြတ်မိုး(မိုးကေနိုင်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာ၊ ဆရာမများ၊ စာပေဝါသနာရှင်များ တက်ရောက်သည်။
ပခုက္ကူမြို့၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jul 20,2025
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီ အချိန်က မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။