တပ်ကုန်းမြို့နယ် (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

တပ်ကုန်း ဇူလိုင် ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံဘာသာစကားသင်တန်း (MMKM Chinese Language Center) တို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်ရေး လူငယ်စကားဝိုင်းဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ​ခဲ့သည်။

အဆိုပါလူငယ်စကားဝိုင်းတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပြီး၊ အခြေခံဘာသာစကားသင်တန်း (MMKM Chinese Language Center) မှ သင်တန်းဆရာ ဦးအောင်ပြည့်ဖြိုး၊ မောင်ခန့်စည်သူ၊ မမေဖူးစံ၊ မပန်းအိဖြူတို့က ယနေ့ခေတ်ကိုဘာကြောင့် ပညာခေတ်လို့ ခေါ်ဆိုတာလဲ၊ ပညာခေတ်မှာ ပညာကို ဘယ်လိုအလေးထားသင်ယူသင့်သလဲ၊ ပညာသင်ယူရန် အခွင့်အလမ်းတွေကို ဘယ်လိုရှာရမလဲ၊ ပညာသင်ယူခြင်းကြောင့် ဘယ်လိုအကျိုး ကျေးဇူးတွေ ရရှိနိုင်သလဲ ခေါင်းစဉ်တို့ဖြင့် ပါဝင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်း သူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်သော ဦးစီးအရာရှိနှင့် ပါဝင်ဆွေးနွေးသည့် သင်တန်းသား၊ သင်တန်းသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီးနောက် တာဝန်ရှိသူများက ပါဝင်ဆွေးနွေးသည့်သင်တန်းသား၊ သင်တန်းသူများအား  ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။

ထို့နောက်လူငယ်စကားဝိုင်းပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များအား သင်တန်းသား၊ သင်တန်းသူများ လေ့လာကြည့်ရှုကြကြောင်း သိရသည်။        

တင်စိုးလွင်