ကသာမြို့၌ ပလတ်စတစ်ကင်းစင်ရေးနှင့် အမှိုက်များစနစ်တကျစွန့်ပစ်ရေး Plastic Campaign ပြုလုပ်
Jul 20,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွန်မှုဖြင့် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ ပတ်ဝန်းကျင်သာယာလှပစေရန် ပလတ်စတစ်ကင်းစင်ရေးနှင့် အမှိုက်များ စနစ်တကျစွန့်ပစ်ရေးတို့အတွက် Plastic Campaign ဆောင်ရွက်မှုကို ယနေ့နံနက် (၇)နာရီခွဲအချိန်က အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ ဧရာဝတီမြစ်ကမ်းတစ်လျှောက်တို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။