သတင်းများ

အင်းစိန်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်
Jul 21,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးဆောင်မှုဖြင့် ပြည်သူလူထုနှင့် ကျောင်းအခြေပြုသွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ယမန်နေ့ ဇူလိုင်လ (၂၀) ရက်နံနက်ပိုင်းမှ စတင်၍ မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိပြီး အင်းစိန်မြို့နယ် ကြို့ကုန်းအရှေ့ရပ်ကွက်တွင် ပြည်သူလူထုနှင့် ကျောင်းအခြေပြုသွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည်။
လဲချားမြို့၌ နိုင်ငံ့ဝန်ထမ်း ပင်စင်စားအငြိမ်းစား မိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့်အတူ စားသောက်ကုန်များ ထောက်ပံ့
Jul 21,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်ရှိ ပင်စင်စား နိုင်ငံ့ဝန်ထမ်း အငြိမ်းစား မိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့်အတူ စားသောက်ကုန်များ ထောက်ပံ့ပေးခြင်းများကို ယနေ့နံနက် (၈) နာရီမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အမြို့မြို့အနယ်နယ်ရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး၊ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုနှင့် Unique ID ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိ
Jul 21,2025
မြန်မာနိုင်ငံတစ်ဝန်း အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းများကို အနယ်နယ် အရပ်ရပ်ရှိ သက်ဆိုင်ရာ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်များတွင် ယနေ့နံနက်ပိုင်းမှစ၍ ဆောင်ရွက်ပေးလျက် ရှိသည်။ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာထုတ်ယူရာတွင် ခေတ်မီနည်းပညာ အသုံးပြုစိစစ်ဆောင်ရွက်နိုင်ရန်အတွက် Centralized e-Pension စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ UID နံပါတ် မရရှိသေးသည့် အငြိမ်းစားဝန်ထမ်းများအား UID နံပါတ်ရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်သည်။
စလင်းမြို့နယ်တွင် နိုင်ငံဝန်ထမ်းအငြိမ်းစား(ပင်စင်စား)များအား UID ကတ်များ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်
Jul 21,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ မြန်မာ့စီးပွားရေးဘဏ်ရုံးအတွင်း ယနေ့နံနက် (၇) နာရီ ၃၀ မိနစ်အချိန်ကစတင်ကာ နိုင်ငံဝန်ထမ်းအငြိမ်းစားပင်စင်စားများအား ပင်စင်ထုတ်ယူရာ၌ အခက်အခဲမရှိ လွယ်လင့်တကူထုတ်ယူနိုင်စေရန်၊ နံပါတ်(၁၀)လုံးပါ UID ကတ်များကို နေ့ချင်းပြီး ကွင်းဆင်း၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှည်းကူးပညာရေးဒီဂရီကောလိပ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Jul 21,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊လှည်းကူးမြို့နယ်၊ ဆရာအတတ်ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက လှည်းကူးပညာရေးဒီဂရီကောလိပ်ရှိ ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ လစဉ်ပုံမှန်ထုတ်ပေး
Jul 21,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဇူလိုင်လအတွက် ပင်စင်လစာငွေများကို ယနေ့နံနက် ၅ နာရီက စတင်၍ထုတ်ပေးလျက်ရှိရာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာလာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိ လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန်အတွက် ဘဏ်ဝန်ထမ်းများက စီစဥ်ဆောင်ရွက်ပေးလျက်ရှိသည်။
ပန်းတနော်မြို့၌ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကျင်းပ
Jul 21,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးကိုကိုမောင်က အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ဗလငါးတန်နှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်ကို ယူကြမည့်လူငယ်များ အလုပ်အကိုင်၊ အတွေးအခေါ်၊ အယူအဆများမှန်ကန်စေရန် စသည်ဖြင့် လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းအမှာစကားပြောကြားခဲ့ပြီး အမှတ် (၂) အခြေခံပညာအထက်တန်းမှ ဆရာဦးလင်းမောင်မောင်ထွန်းက စာဖတ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။
ပြည်မြို့၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား Biometric အချက်အလက်ကောက်ယူခြင်းနှင့် smart card များ ပြုလုပ်ဆောင်ရွက်
Jul 21,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူခြင်းနှင့် လစဉ်ပင်စင်ထုတ်ရက်တိုင်း ပြည်မြို့ ခုတင် (၅၀၀) အထွေထွေရောဂါကုဆေးရုံကြီး၌ အခမဲ့ကျန်းမာ‌ရေးစောင့်ရှောက်မှုခံယူရန် လာရောက်ကြသော နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား Biometric အချက်အလက်ကောက်ယူခြင်းနှင့် smart card များ ပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက သွားရောက်ဆောင်ရွက်ပေးကြသည်။