ခရမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေး
Jul 21,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများကို လစဥ် ၂၁ ရက်နေ့မှ စတင်၍ လကုန်အထိ ဘဏ်ဖွင့်ရက်များတွင် ဘဏ်လုပ်ငန်းချိန်အတွင်း အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်မှ စတင်ကာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။