သတင်းများ

မင်းလှမြို့၌ ပင်စင်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မိဘပြည်သူများအား UID( Uniuqe Identity) ဆောင်ရွက်ပေး
Jul 21,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မိဘပြည်သူများအား UID (Uniuqe Identity) ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၈ နာရီက အဆိုပါဘဏ်ရုံး၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းလှမြို့၌ ပင်စင်ထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေး
Jul 21,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း ကို ယနေ့ နံနက် ၇ နာရီက အဆိုပါဘဏ်ရုံး၌ ဆောင်ရွက်ပေးခဲ့သည်။
တောင်တွင်းကြီးမြို့နယ်တွင် စာအုပ်/စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်
Jul 21,2025
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ စာအုပ်/စာစောင်ပြပွဲကို ယနေ့ နံနက် (၁၀)နာရီက ရွှေအိုး (၂) မူလတန်းလွန်ကျောင်းသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ဆိုင်ရာစွမ်းရည် မြင့်မားရေးပြိုင်ပွဲများ ကျင်းပ
Jul 21,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်စံအောင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအားဖိတ်ခေါ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေးပြိုင်ပွဲများကို ယနေ့ မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။
ဇေယျာသီရိမြို့နယ်၌ စာပေဖတ်ရှုခြင်းဖြင့် စာပေဝါသနာရှင်များစွာပေါ်ထွန်းလာစေရန် စာအုပ်/ စာစောင်ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်
Jul 21,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာပေဖတ်ရှုခြင်းဖြင့် စာပေဝါသနာရှင်များစွာပေါ်ထွန်းလာစေရန် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်တွင် ငါးသယံဇာတတိုးပွားစေရေးအတွက် သဘာဝရေပြင်ငဝန်မြစ်ပြင်ကျယ်အတွင်းသို့ ငါးမြစ်ချင်း၊ ထိုင်းငါးခုံးမကြီး သားပေါက်ကောင်ရေ(၁၅၀၀၀၀)ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
Jul 21,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနသည် သဘာဝရေပြင် မြစ်/ချောင်းများအတွင်း ငါးသယံဇာတပေါများစေရေး၊ စဉ်ဆက်မပြတ်ငါးထုတ်လုပ်နိုင်ရေး၊ပြည်သူများ ငါးရိက္ခာဖူလုံစေရေးနှင့် သားစဉ်မြေးဆက် ငါးစားသုံးနိုင်ရေးရည်ရွယ်၍ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၇ နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ ကန္နားလမ်း၊ လွတ်လပ်‌ရေးပန်းခြံဘေး သဘာဝရေပြင် ငဝန်မြစ်ပြင်ကျယ် အတွင်းသို့ ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲ ကျင်းပ
Jul 21,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ ယနေ့ နေလယ်ပိုင်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းအပတ်စဉ် (၃) သင်တန်းပို့ချလျက်ရှိ
Jul 21,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်ခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း အပတ်စဉ်(၃)သင်တန်းကို ယနေ့နံနက် (၉) နာရီအချိန်က ဆုတောင်းပြည့်မယ်လမုစေတီသာသနာ့ဗိမာန်သုံးထပ်ဆောင်၌ ဆက်လက်ပို့ချပေးလျက်ရှိသည်။