သတင်းများ

မြစ်သားမြို့နယ်တွင် မိုးစပါး ၂၈၁ ဧက အတွက် တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ဆက်လက်ထုတ်ချေး
Aug 19,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ ၂၀၂၅-၂၀၂၆ခုနှစ် မိုးစပါး ၂၈၁ ဧကအတွက်   ကျွဲတပ်ကျေးရွာအုပ်စုနှင့် ကုက္ကိုစု‌ ကျေးရွာအုပ်စုတို့ရှိ တောင်သူလယ်သမားများအား ယနေ့နံနက် ၉ နာရီခွဲက စိုက်ပျိုးစရိတ်များ ဆက်လက်ထုတ်ချေး‌ပေးသည်။
သရက်ချောင်းမြို့နယ်၌ တရားမဝင်ကုန်စည်များ၊ လိုင်စင်မဲ့မော်တော်ယာဥ်များ ဖြတ်သန်းသွားလာမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Aug 19,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ တရားမဝင်ကုန်စည်များ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှု ရှိ/ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီမှစတင်၍ သရက်ချောင်းမြို့၊ မြို့မရဲစခန်းအရှေ့တွင် သက်ဆိုင်ရာအဖွဲ့များဖြင့် ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
သရက်ချောင်းမြို့နယ်၌ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် (GAHP)နှင့် ဝက်မွေးမြူထုတ်လုပ်ရေးသင်တန်းဖွင့်လှစ်
Aug 19,2025
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူများအားကောင်းမွန်သော မွေးမြူရေးကျင့်စဉ် (GAHP)နှင့် ဝက်မွေးမြူထုတ်လုပ်ရေး သင်တန်းကို ယနေ့နံနက် ၉နာရီက သရက်ချောင်းမြို့ လူထုအခြေပြုဗဟိုဌာန(Community centre)ခန်းမ၌ ဖွင့်လှစ်သင်ကြားသည်။
ကလေးမြို့တွင် ချင်းရိုးရာလက်ရက်ကန်း ဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာ မွမ်းမံသင်တန်းဖွင့်ပွဲကျင်းပ
Aug 19,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကလေးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်ခဲ့သည့် ချင်းရိုးရာလက်ရက်ကန်း  ဒီဇိုင်းတီထွင် ဆန်းသစ်မှုနည်းပညာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို  ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကလေးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး မဲပေးစက်ဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ
Aug 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် အချိန်ကြန့်ကြာမှုမရှိပဲ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို  ယမန်နေ့မွန်းလွဲ(၁)နာရီက အမှတ် (၁) ရပ်ကွက်၊ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြဝတီမြို့တွင် အီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်း သင်တန်းအမှတ်စဉ်(၁/၂၀၂၅) ဆင့်ပွားသင်တန်းဖွင့်လှစ်
Aug 19,2025
ကရင်ပြည်နယ် မြဝတီခရိုင်မြဝတီမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) ဆင့်ပွားသင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မြဝတီမြို့ အမှတ် (၁)အခြေခံ ပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူးမြို့နယ်ပညာရေးမှူးနှင့် သင်တန်းသား၊ သင်တန်းသူ ဆရာ/ဆရာမများစုစုပေါင်း ၁၂၀ တက် ရောက်သည်။
ငဖဲမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် အသိပညာဗဟုသုတတိုးပွားစေရေး စာအုပ်စာစောင်များ ပုံမှန်ငှားရမ်းပေးလျက်ရှိ
Aug 19,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများအသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်အတွက် သုတရသစာအုပ်စာစောင်များကို ရုံးဖွင့်ရက်တိုင်း ပုံမှန်ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျောင်းသား ကျောင်းသူများအား စာအုပ်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မိုင်းပျဥ်းမြို့ပေါ်ရှိ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်း ဆောင်ရွက်
Aug 19,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့ မြို့ပေါ်ရပ်ကွက် (၃) ခုမှ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီက ကျောင်းလုံဘုန်းကြီးကျောင်း‌၌ ကျင်းပပြုလုပ်ခဲ့သည်။