သတင်းများ

ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ  ဆုချီးမြှင့် 
Aug 18,2025
၂၀၂၅ ခုနှစ် ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅နှစ်နှင့်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲကို ဩဂုတ် ၁၇ ရက် ညနေ ၃နာရီက ခရိုင်အားကစားကွင်းတွင် ကျင်းပရာ ပျော်ဘွယ်မြို့နယ်အသင်းနှင့်ရမည်းသင်းမြို့နယ်တို့အသင်း ယှဥ်ပြိုင်ခဲ့ကြရာ ပျော်ဘွယ်မြို့နယ်မှ ၁ ဂိုး -  ဂိုးမရှိဖြင့် အနိုင် ရရှိသည်။
ကော့သောင်းမြို့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား   UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Aug 18,2025
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက  ပင်စင် လစာခံစားနေသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Unique Identity (UID)ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်‌ပေးလျက်ရှိကြောင်းသိရသည်။
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဆုချီးမြှင့်
Aug 18,2025
၂ဝ၂၅ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ ဗထူးမိုးလုံလေလုံအားကစားခန်းမ၌ သြဂုတ်လ ၁၅ ရက် ညနေ ၃ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟိုင်းကြီးကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မိဘဆရာအသင်းအစည်းအဝေးနှင့်ပညာရည်ချွန် ထူးချွန်ဆုချီးမြှင့်ပွဲကျင်းပ
Aug 17,2025
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်ဟိုင်းကြီးကျွန်းမြို့ အခြေခံပညာအထက်တန်း ကျောင်း တွင် မိဘဆရာအသင်း သင်းလုံးကျွတ်အစည်းအဝေးနှင့်ပညာရည်ချွန် ထူးချွန်ဆုချီးမြှင့်ပွဲကို ယနေ့နံနက်၉နာရီက မြကျွန်းသာခန်းမ၌ စည်ကားသိုက်မြိုက်စွာ  ကျင်းပသည်။
ကန်ကြီးထောင့်မြို့နယ်၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်
Aug 17,2025
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့‌ငွေပေးအပ်ခြင်းအခမ်းအနားကို ဩဂုတ်၁၇ရက် နံနက်ပိုင်းက ဧရာသီရိသုခခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။
မြောက်ဥက္ကလာပမြို့နယ်၌ ကိုယ်၀န်‌ဆောင်မိခင်များနှင့် မွေးစမှ အသက် ၂ နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ် ဆက်လက်ဆေးထိုးနှံပေး
Aug 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ ရေး၀န်ထမ်းများက မြို့နယ်အတွင်းရှိ ကိုယ်၀န်ဆောင်မိခင်များနှင့် မွေးစမှအသက် ၂ နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ဩဂုတ် ၁၅ ရက်နေ့ နံနက်ပိုင်းက သတ်မှတ်စုရပ်နေရာများတွင် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပေါင်းတည်၌ အခြေခံပညာအထက်တန်းကျောင်းဆောင်သစ်ဆောက်လုပ်
Aug 17,2025
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ပေါင်းတည်မြို့နယ်၌ ပြည်ထောင်စုရန်ပုံငွေဖြင့် အခြေခံပညာအထက်တန်းကျောင်း(မင်းကွက်)အတွက် အာရ်စီ နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပေးလျက်ရှိသည်။
တာမွေမြို့နယ်ရှိ ဂျီအီးစီပညာရေးဝန်ထမ်းများသမဝါယမအသင်းလီမိတက်၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်၊  နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ
Aug 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ ဂျီအီးစီပညာရေးဝန်ထမ်းများ သမဝါယမအသင်းလီမိတက်၏ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်၊  နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းအချိန်က အဆိုပါအသင်းရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။