မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဆုချီးမြှင့်

ချမ်းအေးသာစံ သြဂုတ် ၁၈

၂ဝ၂၅ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ ဗထူးမိုးလုံလေလုံအားကစားခန်းမ၌ သြဂုတ်လ ၁၅ ရက် ညနေ ၃ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ စည်ပင် သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာ ဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ ​လူမှုရေးရာဝန်ကြီး  ဦးအောင်ကျော်မိုး၊ လမ်းပန်းဆက်သွယ်​ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ဥပဒေချုပ် ဦးမြင့်​အောင်၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှူး ဦးနိုင်လင်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဆပ်ကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြနှင့်အားကစားသမားများ၊ ရိုးရာခြင်းလုံးဝါသနာရှင်များ တက်ရောက်သည်။

အခမ်းအနားတွင် ပထမဆုရ မဟာအောင်မြိုင်ခရိုင်အသင်း၏ ခတ်ကစားမှုအား ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ အမျိုးသားအသင်း ပထမဆုရ မဟာအောင်မြေခရိုင်အသင်း၊ ဒုတိယဆုရ မြင်းခြံခရိုင်အသင်း၊ တတိယဆုရ အမရပူရခရိုင်အသင်း၊ အမျိုးသမီးအသင်း ပထမဆုရ မဟာအောင်မြေခရိုင်အသင်း၊ ဒုတိယဆုရ အမရပူရခရိုင်အသင်း၊ တတိယဆုရ မိတ္ထီလာခရိုင်အသင်းတို့နှင့် အကောင်းဆုံးနှင့် အတိုးတက်ဆုံး ကစားသမား၊ အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်၊ ဆုဖလားနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်