ပေါင်းတည် ဩဂုတ် ၁၇
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ပေါင်းတည်မြို့နယ်၌ ပြည်ထောင်စုရန်ပုံငွေဖြင့် အခြေခံပညာအထက်တန်း ကျောင်း(မင်းကွက်)အတွက် အာရ်စီ နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပေးလျက်ရှိသည်။
နိုင်ငံတော်အစိုးရက ပြည်ထောင်စုရန်ပုံငွေကျပ် ၅၀၈ ဒသမ ၃၆၈ သန်းဖြင့် အလျား ပေ ၁၀၀ ၊ အနံ ပေ ၃၀၊ အမြင့် ပေ၂၀ ရှိ အဆိုပါ နှစ်ထပ်ကျောင်းဆောင်သစ်ကို ဩဂုတ်လပထမပတ်မှ စတင်ဆောက်လုပ်ပေးလျက်ရှိ ကြောင်းသိရသည်။
ရွှေသား(IPRD)