ကော့သောင်းမြို့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား   UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ကော့သောင်း ဩဂုတ် ၁၇

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက  ပင်စင် လစာခံစားနေသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Unique Identity (UID)ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်‌ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဩဂုတ်၁၇ရက်တွင်   ကော့သောင်းမြို့နယ် ဘန်းကချွန်ကျေးရွာရှိ အငြိမ်းစားပင်စင်စားများအား ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင်  ဇီဝဆိုင်ရာအချက်အလက်များ (Biometric Data) ကောက်ယူခြင်းများ ဆောင်ရွက်၍  UIDကတ်ပြားများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်)