Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
ဘုတ်ပြင်းမြို့တွင် နှာခေါင်းစည်း ( Mask) တပ်ဆင်ခြင်းမရှိသည့်လမ်းသွားလာနေသူများအား ရှောင်တခင်စစ်ဆေးခြင်းဆောင်ရွက်
Aug 14,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ယမန်နေ့နံနက် (၇) နာရီအချိန်က နှားခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိသည့်လမ်းသွားလာနေသူများအား ရှောင်တခင်စစ်ဆေးခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ကိုဗစ်-၁၉ ရောဂါ ထိန်းချူပ်ကာကွယ်ရေး သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်မှု အခြေအနေအား ကွင်းဆင်းစစ်ဆေး
Aug 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေအား အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအေးမင်းထွန်း၊ မြို့နယ်ပြည်သူ့ဆေးရုံမှ သူနာပြုဆရာမ ဒေါ်နန်းမြဟန်နှင့် တာဝန်ရှိသူများက ယမန်နေ့ ၁၁ နာရီက သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့ စာပေချစ်သူများ(Book Club) စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်
Aug 14,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာဖတ်သူအချင်းချင်း ရင်းနှီးမှုရရှိစေရန်နှင့်အသိပညာဗဟုသုတ
အပြည့်အစုံ ဖတ်ရန်
ဆွမ်ပရာဘွမ်မြို့နယ်၌ အသက်(၆)လမှ အထက်တန်း ကျောင်းသားအထိ ကလေးငယ်များအား ဗီတာမင်အေဆေးနှင့် သန်ချဆေး တိုက်ကျွေး
Aug 14,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ အသက်(၆)လမှ အထက်တန်း ကျောင်းသားအထိ ကလေးငယ် များအား ဗီတာမင်အေဆေးနှင့် သန်ချဆေး တိုက်ကျွေးခြင်း လုပ်ငန်းကို မြို့ပေါ်(၃) ရပ်ကွက်ရှိ ကလေးငယ်များနှင့် ကျေးရွာအုပ်စုများရှိ ကလေးငယ်များအား ယမန်နေ့နံနက် ၉ နာရီက မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် စတင် တိုက်ကျွေး လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုးမောက်မြို့နယ်၌ မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Aug 14,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ ဗန်းမော်−မြစ်ကြီးနား−လွယ်ဂျယ်သွား လမ်းဆုံ ကျောက်တိုင်၌ မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင် အရပ်ရပ်အခွင့်အရေးလိုင်စင်များ ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချ
Aug 14,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စည်ပင်သာရေးကော်မတီက ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးဆိုင်ရာ လိုင်စင်များအား ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးရုံး၌ ဈေးပြိုင်လေလံစနစ်ဖြင့်ရောင်းချခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ မိုးကုတ် ရိပ်သာတွင် Quarantine ဝင်နေသော နေရပ်ပြန် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအား ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်
Aug 14,2020
မြန်မာ-ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ယမင်းအိ ဦးဆောင်သော အဖွဲ့ဝင်များသည် မိုးကုတ်ရိပ်သာ၌ Quarantine ဝင်နေသော နေရပ်ပြန် ရွှေ့ပြောင်းမြန်မာအလုပ်သမားများအား ကိုဗစ်-၁၉ ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများကို ယမန်နေ့ ညနေပိုင်းက သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွတ်ခိုင်မြို့၌ ဓာတ်ပုံပြပွဲ၊ နံရံကပ် စာစောင် ပြပွဲနှင့် နယ်လှည့် စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
Aug 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ သာသနာ့ရိပ်သာ၌ ဓာတ်ပုံပြပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် နယ်လှည့် စာကြည့်တိုက်လုပ်ငန်းများ သွားရောက်ကွင်းဆင်း ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
31933
Page
31934
Page
31935
Page
31936
Current page
31937
Page
31938
Page
31939
Page
31940
Page
31941
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department