ဆွမ်ပရာဘွမ် ဩဂုတ် ၁၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ အသက်(၆)လမှ အထက်တန်း ကျောင်းသားအထိ ကလေးငယ်များအား ဗီတာမင်အေဆေးနှင့် သန်ချဆေး တိုက်ကျွေးခြင်း လုပ်ငန်းကို မြို့ပေါ်(၃) ရပ်ကွက်ရှိ ကလေးငယ်များနှင့် ကျေးရွာအုပ်စုများရှိ ကလေးငယ်များအား ယမန်နေ့နံနက် ၉ နာရီက မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် စတင် တိုက်ကျွေး လျက်ရှိသည်။
ဆေးတိုက်ရာတွင် အသက်(၆)လမှ အသက်(၁)နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေ ၁ သိန်းအား၊ အသက်(၁)နှစ်မှ (၅)နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေ (၂)သိန်းအား၊ အသက်(၂)နှစ်မှ အထက်တန်း ကျောင်းသားအထိ သန်ချဆေး(၁)လုံးကို ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက် နှင့်အညီ တိုက်ကျွေးလျက်ရှိကြောင်း မြို့နယ် ကျန်းမာရေးမှူး အဆင့်(၁) ဒေါ်ဂျေလုဂျာ က ပြောကြားသည်။
အဆိုပါဆေးအား မြို့ပေါ်(၃)ရပ်ကွက်ရှိ ကလေးငယ်များနှင့် ကျေးရွာအုပ်စုများရှိ ကလေးငယ် (၂၅၃) ဦးတို့အား တိုက်ကျွေးခဲ့ပြီး ဖြစ်ကြောင်း ကျန်ကလေးငယ်များအား ဆက်လက်တိုက်ကျွေး သွားမည် ဖြစ်ကြောင်း သိရသည်။
ကုဋေ (ဆွမ်ပရာဘွမ် ပြန်/ဆက်)