သတင်းများ

နမ့်ဆန်မြို့နယ် မန်ခိုက်ရပ်ကွက် ကွက်သစ်ရွာ၌ ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းခင်း
Aug 17,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မန်ခိုက်ရပ်ကွက် ကွက်သစ်ရွာ၌ ကျေးရွာ လူထုလုပ်အားဖြင့် ကိုယ်ထူကိုယ်ထ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်
Aug 17,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ကတ်တောင်ကျေးရွာအုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်မှထောက်ပံပေးအပ်သော ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဩဂုတ်လ ၁၇ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများအား ဒုတိယ အကြိမ်အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့်ထပ်မံထောက်ပံ့ပေးမည်
Aug 17,2020
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသောအခြေခံ လူတန်းစား များအား ငွေကြေး ထပ်မံထောက်ပံ့ပေးရန် ယနေ့ နေ့လယ်(၁၁)နာရီက မုဒုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ရုံးတွင်းနံရံကပ်စာစောင်များ ပြသ၍ အသိပညာပေးရေးလုပ်ငန်းများဆောင်ရွက်
Aug 17,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများ၊ လူကုန်ကူးမှု အန္တရာယ် စုပေါင်းကာကွယ်နှင့် ကိုဗစ်-၁၉ ရောဂါ မကူးစက်ရေးမိမိကစ၍ ကာကွယ်ပေး အသိပညာပေးနံရံကပ်စာစောင်များကို ပြည်သူများလာရောက်လေ့လာနိုင်ရန် ပြသပေးလျက် ရှိပါသည်။
အောင်မြေသာစံမြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်း မျက်နှာစုံညီအစည်းအဝေးနှင့် ရွေးချယ်တင်မြောက်ပွဲအခမ်းအနားကျင်းပ
Aug 17,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ် စာရေးဆရာအသင်းမှ အသင်းဝင်စာရေးဆရာများ၏ မြို့နယ်စာရေးဆရာအသင်း မျက်နှာစုံညီအစည်းအဝေးနှင့် ရွေးချယ် တင်မြောက်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၊ ၂၁ လမ်းနှင့် ၂၂လမ်းကြား၊ ၈၆ လမ်းရှိ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
မိုင်းငေါ့မြို့ မိုးစပါး(လယ်)စိုက်ပျိုးတောင်သူများအား အပင်ရွက်ဖျန်းအားဆေးနှင့်အပွင့်အသီးအစေ့ အဆံအောင် အားဆေးများထောက်ပံ့
Aug 17,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ထုတ်တောင်သူနှင့် တိုက်ရိုက်မျိုးစေ့ချကိရိယာ အသုံးပြုထားသော မိုးစပါးစိုက် (လယ်) တောင်သူများအား အပင်ရွက်ဖျန်း ဆေးနှင့် အပွင့်အသီးအစေ့အဆံအောင် အားဆေး(၂)မျိုးကို ယနေ့ နံနက်(၉)နာရီအချိန်က ထောက်ပံ့ပေး ခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ ကွန်ကရစ်လမ်းခင်းနေမှု ပြီးစီးသည့်အခြေအနေအား စည်ပင်သာယာရေး ကော်မတီဥက္ကဌ ကွင်းဆင်းကြည့်ရှု
Aug 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ ကွန်ကရစ်လမ်း ခင်းနေမှု ပြီးစီးသည့်အခြေအနေအား စည်ပင်သာယာ ရေး ကော်မတီဥက္ကဌ မှ ကွင်းဆင်းကြည့်ရှု ခဲ့သည်။