သတင်းများ

သနပ်ပင်မြို့နယ်၌ ငါးမွေးတောင်သူများအား (တတိယ)အကြိမ် ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ပွဲကျင်းပပြုလုပ်
Aug 17,2020
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် သနပ်ပင်ငါးလုပ်ငန်းစခန်းတွင် ဩဂုတ်လ(၁၇)ရက်နေ့ နံနက်(၈:၃၀) နာရီက COVID-19အလွန်
သန်လျင်မြို့နယ်၌ တိုင်းဒေသကြီးဝန်ကြီး မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး ကွင်းဆင်းဆောင်ရွက်
Aug 17,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ အသီးသီးမှ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးနိုင်ရေး ပြုစုထားရှိသော မဲစာရင်းများ မှန်ကန်စေရေးတို့အတွက် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ ညနေ(၄)နာရီတွင် သန်လျင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လိုင်လင်းပီမြို့၌ (၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက်
Aug 17,2020
ချင်းပြည်နယ်၊ လိုင်လင်းပီမြို့ပေါ်ရှိ အသက်ငါးနှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်း လုပ်ငန်းကို မြို့တိုက်နယ်ဆေးရုံ၌ ကျေးလက် ကျန်းမာရေးဌာန ဝန်ထမ်းများမှ ယနေ့ နံနက် ၁၀ နာရီမှစ၍ စတင်ဆောင်ရွက် ခဲ့ကြသည်။
ဆောမြို့နယ်အတွင်း မှုခင်းကျဆင်းရေး ကျေးရွာများအရောက် ကွင်းဆင်း အသိပညာပေး
Aug 17,2020
ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ အစီအစဉ်ဖြင့် ဆောမြို့နယ်အတွင်း မှုခင်းကျဆင်းရေးလုပ်ငန်းများကို ရဲတပ်ဖွဲ့စခန်းနယ်မြေ အလိုက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့
မွန်ပြည်နယ်၊မုဒုံမြို့နယ်တွင်၂၀၂၀ပြည့်နှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အစည်းအဝေးပြုလုပ်
Aug 17,2020
မွန်ပြည်နယ်မော်လမြိုင်ခရိုင်မုဒုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင်၂၀၂၀ပြည့်နှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယနေ့နံနက်(၉)နာရီခွဲက အစည်းအဝေးပြုလုပ်ခဲ့သည်။
မင်းလှမြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမဲ ပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများအိမ်တိုင်ရာ ရောက် ကွင်းဆင်း ဆောင်ရွက်
Aug 17,2020
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊မင်းလှမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာ ၈ ရက် နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုက ရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင် ရေးအတွက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများဆန္ဒမဲ ပေးခွင့်ရရှိရေး၊ မဲစာရင်း များမှန်ကန်ရေးတို့အတွက် အိမ်တိုင်ရာရောက်မဲစာရင်းများစိစစ်ခြင်းကို ယမန်နေ့ည နေ ၄ နာရီကမြို့နယ်အတွင်းရှိရပ်ကွက်၊‌ ကျေးရွာများမှာကွင်းဆင်းစစ်‌ဆေးခဲ့ကြောင်းသိရသည်။
မိုးရာသီကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု လျော့နည်းစေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်
Aug 17,2020
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ မိုးရာသီကာလအတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု လျော့နည်းစေရန် ကြိုတင် ကာကွယ်ရေးနှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့ နံနက် ၇ နာရီခွဲ အချိန်က မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ လွိုင်မြေ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ ပူးပေါင်းကာ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
မကွေးမြို့တွင် ကိုဗစ်-၁၉ Relief Package 2 ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု(မွမ်းမံ)သင်တန်း ဖွင့်လှစ်
Aug 17,2020
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန် ကြားမှုဦးစီးဌာန၏ ကြီးကြပ်မှု၊ မကွေးတိုင်းဒေသကြီးရုံးခွဲ၏စီစဉ်မှု၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (မကွေးဇုန်) ၏ ပူးပေါင်းပါဝင်မှုဖြင့် ကိုဗစ်-၁၉ကြောင့် စီးပွားရေးကျဆင်းလျှက်ရှိသော မကွေးတိုင်းဒေသကြီးရှိ ခရီးစဉ်ဒေသ များတွင် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများကို ပြန်လည်မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ကိုဗစ်-၁၉ Relief Package 2 ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မကွေးမြို့ နန်းထိုက်သူဟိုတယ်၌ ကျင်းပပြုလုပ်သည်။