ဒဂုံတောင် သြဂုတ် ၁၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်း ကျောင်းများအနေဖြင့် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကျောင်းများအား ယာယီပိတ်ထားလျက်ရှိရာ ယခုအခါ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိပါက ကျန်းမာရေး လမ်းညွှန်မှုများနှင့်အညီ ဖွင့်လှစ်နိုင်ရေး ယမန်နေ့ မွန်းလွဲ(၃:ဝဝ)နာရီအချိန်က တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကြည့်ရှုစစ်ဆေးရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ၊ မြို့နယ် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေး ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး ကျောင်းများ ၏ ပြင်ဆင်ထားရှိမှု အခြေအနေနှင့်ပတ်သတ်၍ လိုအပ်သည်များ ကူညီပေးရန် ကျောင်းအုပ် ဆရာမကြီးများ၊ ကျောင်းအကျိုးတော် ဆောင် များနှင့်အတူ တွေ့ဆုံဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)