မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများအား ဒုတိယ အကြိမ်အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့်ထပ်မံထောက်ပံ့ပေးမည်

မုဒုံ သြဂုတ် ၁၇

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသောအခြေခံ လူတန်းစား များအား ငွေကြေး ထပ်မံထောက်ပံ့ပေးရန် ယနေ့ နေ့လယ်(၁၁)နာရီက မုဒုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မုဒုံမြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်ဇော်ဦးက ကိုဗစ်-၁၉ စီးပွါးရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP)လုပ်ငန်းအရ ပုံမှန် ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအားဒုတိယအကြိမ် အိမ်ထောင်စုတစ်စုလျှင် ငွေ ကျပ် (၂၀၀၀၀)နှုန်းဖြင့် ဒုတိယအကြိမ်ထပ်မံ ထောက်ပံပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

အဆိုပါထောက်ပံ့ငွေများကိုမုဒုံမြို့နယ်ရှိရပ်ကွက်/ကျေးရွာ(၄၂)အုပ်စုမှအုပ်ချုပ်ရေးမှူးများ နှင့်စာရေးဝန်ထမ်းများကိုလွှဲပြောင်းပေးအပ်ခဲ့သည်။

မုဒုံမြို့နယ်အနေဖြင့် ရပ်ကွက်/ကျေးရွာ(၄၂)အုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်း စား အိမ်ထောင်စုပေါင်း(၁၁၉၈၆)အိမ်ထောင်စုအတွက် ငွေကျပ်စုစုပေါင်း (၂၃၉၇၂၀၀၀၀) ကျပ်အား ပေးအပ် ခဲ့ကြောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)