သတင်းများ

နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ပုဗ္ဗသီရိမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး
Sep 12,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အေးမြင့်သာယာအုပ်စု အေးမြင့်သာယာ ပင်လောင်းလမ်းဆုံနှင့် ခါးပြတ်အောင်စည်သာ လမ်းဆုံကြားရှိ ရွာချင်းဆက်လမ်း အခြေအနေကို နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ပုဗ္ဗသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
နမ့်စန်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ(လွယ်ယင်း)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြော၍ ရွေ့လျားစာကြည့်တိုက် ဆောင်ရွက်
Sep 12,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက လွိုင်ယဲကျေးရွာအုပ်စု၊ တိုင်းကောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ(လွယ်ယင်း) တွင် ဆောင်ရွက်ခဲ့သည်။
ဓနုဖြူမြို့နယ်၌မြို့နယ်အုပ်ချုပ်ရေးမှူးဖလား တိုက်နယ်ပေါင်းစုံအမျိုးသား၊ အမျိုးသမီး မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Sep 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား တိုက်နယ်ပေါင်းစုံအမျိုးသား၊ အမျိုးသမီး မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အကျော်ကျေးရွာအုပ်စုတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဓနုဖြူမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Sep 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ​ဓနုဖြူမြို့နယ်တွင် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံအသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။
မင်းဘူး(စကု)မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေခြင်းများ ဆောင်ရွက်
Sep 12,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်တွင် ကျောက်တန်းကျေးရွာ ဓမ္မာရုံနှင့် ရွှေတပင်ကျေးရွာဓမ္မာရုံတို့တွင် ကျင်းပသည်။
ကသာမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခမ်းအနားမှူးသင်တန်းဆင်းပွဲပြုလုပ်
Sep 12,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အခမ်းအနားမှူးသင်တန်းဆင်းပွဲကို ကသာမြို့ လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်မ၌ ယမန်နေ့ညနေ(၃) နာရီအချိန်က ပြုလုပ်ခဲ့သည်။
ကသာမြို့၌ ပလတ်စတစ်ကင်းစင်ရေးနှင့် အမှိုက်များစနစ်တကျစွန့်ပစ်ရေး Plastic Campaign ပြုလုပ်
Sep 12,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွန်မှု ကသာခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီ၏ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးမှူးရုံးမှဦးဆောင်၍ ပတ်ဝန်းကျင်သာယာလှပစေရန် ပလတ်စတစ်ကင်းစင်ရေးနှင့် အမှိုက်များစနစ်တကျ စွန့်ပစ်ရေးတို့အတွက် Plastic Campaign ဆောင်ရွက်မှုကို ယနေ့နံနက် (၉)နာရီအချိန်က  သစ်တောဦးစီးဌာန‌ရှေ့ လမ်းတစ်‌လျှောက်နှင့် ဗိုလ်ချုပ်ကြေးရုပ်‌ရှေ့တို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ငါးသယံဇာတဖူလုံစေရန် မုန်းချောင်းသဘာဝရေပြင်အတွင်း ငါးမျိုးစိတ်ကောင်ရေ နှစ်သိန်း စိုက်ထည့်
Sep 12,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ပြည်သူများ ငါးစားသုံးမှု ဖူလုံစေရန်နှင့် ငါးသယံဇာတများကြွယ်ဝစေရန်ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်အနီး မုန်းချောင်းသဘာဝရေပြင်အတွင်း ငါးမျိုးစိတ်ကောင်ရေ နှစ်သိန်း စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။