သတင်းများ

ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန ခန်းမတွင် စာဖတ်ဝိုင်း ပြုလုပ်
Feb 24,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက စာရေး ဆရာ ပါရဂူ၏ "ရေစီးကြောင်း" စာအုပ်ဖြင့် စာပေမြတ်နိုးသူများအဖွဲ့နှင့် စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့သည်။
သီပေါတွင် ကွန်ပျူတာသင်တန်း (၁/၂၀၂၀) ဆင်းပွဲနှင့် Computer, Phone, Electronic နှင့် ဒေသထွက် ပစ္စည်းများ ပြပွဲအခမ်းအနား ပြုလုပ်
Feb 24,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ကြီးများ စီစဉ်မှုဖြင့် ဖွင့်လှစ်သင်ကြားပေးသည့် ကွန်ပျူတာသင်တန်း (၁/၂၀၂၀) ဆင်းပွဲနှင့် Computer, Phone, Electronic နှင့် ဒေသထွက်ပစ္စည်းများ ပြပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ခန္တီး၌ တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်နည်း သင်တန်းဆင်းပွဲကျင်းပ
Feb 24,2020
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အစိုးရ နည်းပညာအထက်တန်းကျောင်း(ခန္တီး)တို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်နည်း သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ခရိုင်ကျေးလက်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Feb 24,2020
၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မုဒုံမြို့နယ်၌ ကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်လှစ်
Feb 24,2020
၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း မုဒုံမြို့နယ်ကြက်ခြေနီအသင်း(ခွဲ)နှင့် ဆရာဝန် များအသင်းတို့မှ ပူးပေါင်း၍ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကို ယနေ့ နံနက် ၉ နာရီက မုဒုံမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ပြုလုပ်သည်။
ရွှေဘိုမြို့တွင် မူကြိုအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် သီချင်းဆိုပြိုင်ပွဲကျင်းပ
Feb 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Book Club စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် Youth Club လူငယ်အသင်းတို့ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက မူကြိုအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ နှင့် သီချင်းဆိုပြိုင်ပွဲကို Community Centre ခန်းမတွင် ကျင်းပသည်။
လက်ပံတန်းမြို့နယ်တွင် မြို့နယ်အဆင့် လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း (၂၀၁၉) နှစ်ပတ်လည် ဆန်းစစ်ဆွေးနွေးပွဲကျင်းပ
Feb 24,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် မြို့နယ်အဆင့် လူထု ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း (၂၀၁၉) နှစ်ပတ်လည် ဆန်းစစ်ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အိမ်မဲမြို့နယ်၌ တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသား ကျောင်းသူ (၃၂၂၆ ) ဦး ဖြေဆိုမည်
Feb 24,2020
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၀ ပြည့်နှစ် မတ်လတွင် ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ရာ အိမ်မဲမြို့နယ်တွင် စာစစ်ဌာန (၉) ခု၌ ကျောင်းသား ကျောင်းသူ (၃၂၂၆) ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။