သတင်းများ

ကျောက်ဆည်မြို့ ကာတွန်းပြပွဲ၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်း ပွဲတော်သို့ ကျောင်းသား/ကျောင်းသူများ စိတ်ဝင်စားစွာလာရောက်လေ့လာလျက်ရှိ
Feb 24,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေသခံကာတွန်းဆရာများ၊ ဆောင်စုရတီစာပေတို့ ပူးပေါင်းပြီး ပြည်သူများ စာဖတ်ရှိန် မြင့်မားလာစေရန်နှင့် အတွေးအခေါ်များ မြင့်မားလာစေရန် ရည်ရွယ်ပြီး ဖေဖော်ဝါရီ (၂၁)ရက်နေ့မှ (၂၅)ရက်နေ့အထိ ကာတွန်းပြပွဲ၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေး ‌ရောင်းပွဲတော်အား ကျောက်ဆည်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ (၂၂)ကြိမ်​မြောက်အခမဲ့ကွန်ပျူတာသင်တန်းဖွင့်လှစ်
Feb 24,2020
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နတ်မောက်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့နံနက်(၉)နာရီက ပြန်/ဆက်ဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အခမဲ့ ကွန်ပျူတာသင်တန်းဖွင့်ပွဲ ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ချပြရှင်းလင်းဆွေးနွေး
Feb 24,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၀ ခုနှစ် ၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပသွားနိုင်ရေးအတွက် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၏ တာဝန်၊ လုပ်ပိုင်ခွင့်များနှင့် ပတ်သက်ပြီး ချပြရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာအုပ်စု၊ ရှောက်တောကျေးရွာ (အ.ထ.က)ကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်စီမံကိန်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ (၂၀၂၀-၂၀၂၁) ဒုတိယအကြိမ်ပြုလုပ်
Feb 24,2020
မွန်ပြည်နယ် မုဒုံမြို့နယ်၌ ပြည်သူလူထု ပူးပေါင်းပါဝင်သော မြို့နယ်စီမံကိန်း ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ (၂၀၂၀-၂၀၂၁) ဒုတိယအကြိမ်ကို ယနေ့နံနက် ၉ နာရီက ရွှေဟင်္သာခန်းမ၌ ပြုလုပ်သည်။
သုံးခွမြို့နယ်တွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲဖြေဆို
Feb 24,2020
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အခြေခံပညာမူလတန်း(စတုတ္ထတန်း)နှင့် အခြေခံပညာအလယ်တန်း(အဋ္ဌမတန်း) နှစ်ဆုံးစာမေးပွဲကို ယနေ့ နံနက် ၁၀ နာရီက သက်ဆိုင်ရာကျောင်းများ၌ ဖြေဆိုခဲ့ကြောင်း သိရသည်။
ကျေးလက်ဒေသ သောက်သုံးရေ ဖူလုံစေရေး စက်ရေတွင်း တူးဖော်ပေး
Feb 24,2020
၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေဖြင့် အဂါးကျေးရွာအုပ်စု၊ စကားလွန်းကျေးရွာ၌ သောက်သုံးရေ ရရှိရေး စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်နေမှုကို ယနေ့နံနက် ၁၁ နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ဖျာပုံမြို့နယ်တွင် တတိယအကြိမ်မြောက် ကျွမ်းကျင်မှုအခြေပြု လျှပ်စစ် ဝရိန်ဆော်နည်း သင်တန်းဖွင့်
Feb 24,2020
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အမှတ် (၁) စက်မှုသင်တန်းကျောင်း (ဆင်တဲ) နှင့် ဆရာဇော်ဂျီ ရာပြည့် စာကြည့်တိုက်တို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ တတိယအကြိမ်မြောက် ကျွမ်းကျင်မှု အခြေပြု လျှပ်စစ်ဝရိန်ဆော်နည်း သင်တန်းကို ယနေ့ နံနက် (၉) နာရီအချိန်က ဆရာဇော်ဂျီရာပြည့်စာကြည့်တိုက် တိုးချဲ့ဆောင်ခန်းမ၌ ကျင်းပသည်။
ကျိုင်းတုံတက္ကသိုလ်၌ ဧကဒသမအကြိမ်ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Feb 24,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၊ ခေမရဌ်ခန်းမ၌ ဧကဒသမအကြိမ် ဘွဲနှင်းသဘင်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။