သတင်းများ

ရန်ကင်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနသုံးခုဖြင့် လက်ခံကျင်းပမည်
Feb 24,2020
၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှ ၂၀ ရက်ထိ ကျင်းပ သွားမည်ဖြစ်ရာ ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်၌ စာစစ်ဌာနသုံးခု (အ.ထ.က-၁၊ အ.ထ.က-၂၊ အ.လ.က-၂)ခွဲ၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် Grade-5နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများ စတင်ဖြေဆို
Feb 24,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲကို Grade-5 စာစစ်ဌာန(၆၀)နှင့် Grade-9 စာစစ်ဌာန(၉)ခုတို့တွင် ယနေ့ နံနက်(၉)နာရီက စတင်ဖြေဆိုနေပြီဖြစ် ကြောင်းမြို့နယ်ပညာရေးမှူးရုံး မှသိရသည်။
အလောင်းတော်ကဿပစံကျောင်းတော်သို့ ဆင်အကောင်ရေ(၇၀) ကျော်ဖြင့် ဝန်ဆောင်ပေးလျက်ရှိ
Feb 24,2020
ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်းရှိ အလောင်းတော်ကဿပ ရုပ်ကလာပ်တော်တည်ရှိရာ စံကျောင်းတော်နှင့် လွမ်းစေတီသို့ သွားရောက်ဖူးမြော် ကြမည့် ဘုရားဖူးဧည့်သည်များ သွားလာရေး အဆင်ပြေစေရန် ဆင်(၇၇)ကောင်ဖြင့် အသွား၊ အပြန် ပို့ဆောင်ပေးလျက်ရှိကြောင်း အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်မှ ဦးစီးအရာရှိ ဦးအောင်မောင်း၏ ပြောကြားချက်အရ သိရသည်။
ဒေးဒရဲမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ ကျင်းပ
Feb 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအား ယမန်နေ့နံနက် ၁၀ နာရီက မြင်းကကုန်းကျေးရွာ အရှင်သုမနာ လင်္ကာရကျောင်း၌ ပြုလုပ်ခဲ့သည်။
အောင်လံမြို့နယ်၌တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၉)ခုတွင်ကျင်းပမည်
Feb 24,2020
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်အတွင်း၌ ယခုနှစ်မတ်လတွင်ကျင်းပမည့် ၂၀၁၉ − ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူစုစုပေါင်း (၄၀၃၇)ဦး ဝင်ရောက်ဖြေဆိုရန် လျှောက်ထားခဲ့ကြပြီး၊ စာမေးပွဲကို စာစစ်ဌာန(၉)ခုတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
မုဒုံမြို့နယ် ပြည်သူ့ဆေးရုံ၌ ရေစင်အလှူနှင့် ပန္နက်ရိုက် အခမ်းအနားကျင်းပ
Feb 24,2020
မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်သူ့ဆေးရုံ၌ လိုအပ်လျက်ရှိသော ရေစင်ဆောက်လုပ် လှူဒါန်းခြင်းနှင့် ပန္နက်ရိုက် အခမ်းအနားကို ယမန်နေ့က မုဒုံမြို့ ဓမ္မဒူတကျောင်းမှ ဆရာတော်ကြီးက မ,တည် လှူဒါန်းခဲ့သည်။
လယ်မြေဧက(၇၀၀၀)ကျော် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရန် သဲနုန်း တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Feb 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ လယ်မြေဧက(၇၀၀၀)ကျော် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရန် စင်လင်ချောင်း၌ သဲနုန်းတူးဖော်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျပ်သိန်း၂၀၀၀ ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဟောပြော
Feb 24,2020
ပခုက္ကူခရိုင် ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနက ကြီးမှူး၍ ဂန့်ဂေါခရိုင် ကျောက်ထုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဟောပြောဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်သည်။