သတင်းများ

လက်ပံတန်းကျေးရွာရှိဒေသခံပြည်သူများ မိရိုးဖလာတံမြက်စည်းပြုလုပ်ရောင်းချမှုဖြင့် မိသားစု အပိုဝင်ငွေရရှိ
Mar 14,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ညောင်ပင်သာကျေးရွာအုပ်စုအတွင်းရှိ လက်ပံတန်း ကျေးရွာရှိ ဒေသခံပြည်သူများ မိရိုးဖလာလုပ်ကိုင်ခဲ့သည့် တံမြက်စည်း(အနု)ပြုလုပ်ရောင်းချမှုဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း အဆိုပါကျေးရွာရှိ ရာအိမ်မှူး ဦးထွန်းထွန်းဦးက ယမန်နေ့ နံနက်ပိုင်းက ပြောကြားခဲ့သည်။
ဂန္ဓမာပန်းစိုက်ပျိုးတောင်သူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးသည့်အဆင့်မှ စီးပွားဖြစ် စိုက်ပျိုးလာ
Mar 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ စိန်လည်ကျေးရွာတွင် တောင်သူအချို့သည် ဆောင်းသီးနှံဖြစ်သည့် ဂန္ဓမာပန်း စိုက်ပျိုးခြင်းလုပ်ငန်းကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးသည့်အဆင့်မှ စီးပွားဖြစ် စိုက်ပျိုးသည့် အဆင့်ထိ လုပ်ကိုင်လာ ကြကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19)အကြောင်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Mar 14,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19)အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ဝေါလေမြိုင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ရပ်ကွက်ပြန်ကြားရေးဆောင်၌ ဆောင်ရွက်ခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 14,2020
မကွေးခရိုင်၊ မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ကြက်ခြေနီ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ် အကြောင်း အသိပညာပေး ဟောပြောခြင်းနှင့် ပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)နာရီက မြို့သစ်မြို့ စည်ပင်သာယာစျေးကြီး အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အကြိုအခြေခံ မီးသတ်ပညာ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Mar 14,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက် မြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် အကြိုအခြေခံ မီးသတ်ပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ကြို့ပင်ကောက်မြို့တွင် အများပြည်သူသုံးဆိုလာမီးလင်းရေးလုပ်ငန်း ကျေးရွာလေးရွာတွင် ဆောင်ရွက်ပြီးစီး
Mar 14,2020
သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ ကျေးလက်ဒေသ မီးစလင်းရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ကျေးရွာလေးရွာတွင် အများပြည်သူ သုံး ဆိုလာမီးလင်းရေးလုပ်ငန်းများကို ဇန်နဝါရီလက ရာနှုန်းပြည့်တပ်ဆင်ပြီးစီးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်၌ အမျိုးသားလူမှုရေးပင်စင် ထောက်ပံ့ငွေများကို အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများထံအရောက် ထောက်ပံ့ပေးအပ်
Mar 14,2020
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား အမျိုးသား လူမှုရေး ပင်စင်ကို တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိရာ ငါန်းဇွန်မြို့နယ် အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ယမန်နေ့က အဘိုးအဘွားများ၏ လက်ဝယ်အရောက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တဆင့်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ ကွင်းဆင်းကြည့်ရှု
Mar 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာ၌ ကျေးရွာကုန်ထုတ် လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက်(၉)နာရီက ရွှေလှေကျေးရွာတွင်  တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်း ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။