သတင်းများ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးနှင့် တာဝန်ရှိသူများ စလင်းမြို့နှင့် ဆင်ဖြူကျွန်းမြို့ ပြည်သူ့ဆေးရုံများ ကြည့်ရှုစစ်ဆေး
Mar 15,2020
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးနှင့်အတူ မကွေးတိုင်း ဒေသကြီး ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာရဲမြင့်အောင်၊ မကွေးတိုင်းဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုး၊ မင်းဘူးခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်တို့ ပါဝင်သော အဖွဲ့သည် ယမန်နေ့နံနက် ပိုင်းက စလင်းမြို့ ကုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာပြီး မင်းဘူးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိန်းအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဉီးသက်ခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးဟိန်းဆက်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင့်ဆွေတို့နှင့် တွေ့ဆုံ၍
ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနား နေပြည်တော်တွင်ကျင်းပ
Mar 15,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စားသုံးသူရေးရာဦးစီးဌာနက ကျင်းပပြုလုပ်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့နယ်၊ အဟာရသုခဈေးတွင် ကျင်းပသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် နွေရာသီ သောက်သုံးရေ ကူညီဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 15,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်ရေးနှင့် နွေရာသီသောက်သုံးရေ ပြတ်လပ်မှု ဖြစ်ပေါ်လာပါက ကူညီဆောင်ရွက်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေ လွှဲပြောင်း ပေးအပ်ပွဲကျင်းပ
Mar 15,2020
၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး စီမကိန်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် အတွင်းရှိ ကျေးရွာ(၁၆)အတွက် ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲကို ယမန်နေ့က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID- 19)အကြောင်း အသိပညာပေး ဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ
Mar 15,2020
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19)အကြောင်း အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နေ့လည် ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး၊ အခြေခံမွေးမြူရေးနှင့် ကုသရေးသင်တန်းအား စုကလိမြို့၊ စခန်းသစ်ကျေးရွာတွင်ဖွင်လှစ်
Mar 15,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး နည်းပညာပေး၊ အခြေခံမွေးမြူရေးနှင့် ကုသရေးသင်တန်းဖွင့်ပွဲနှင့် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ အချိန်က စုကလိမြို့၊ စခန်းသစ်ကျေးရွာ၊ ကော့လားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မကွေးမြို့အဝေးပြေးယာဉ်ရပ်နားစခန်း ကွပ်ကဲရေးရုံး၌ ကျန်းမာရေးဌာနမှ အသိပေးချက်များကို လိုက်နာဆောင်ရွက်ပေးနိုင်ရေး အသိပေး နှိုးဆော်ပြောကြားပေးနိုင်ရန် ဆွေးနွေး
Mar 15,2020
မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်း သည် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများလိုက်ပါကာ ယနေ့နံနက် ၁၀ နာရီက မကွေးမြို့ အဝေးပြေးယာဉ်ရပ်နားစခန်း ကွပ်ကဲရေးရုံး၌ မော်တော်ယာဉ်ကြီးကြပ်မှုကော်မတီများ၊ မော်တော်ယာဉ် ဂိတ်ပိုင်၊ ဂိတ်မှူးများ၊ ယာဉ်မောင်းများနှင့် တွေ့ဆုံကာ ခရီးသွားပြည်သူများ အနေဖြင့် လတ်တလော အသက်ရှူလမ်းကြောင်းရောဂါဖြစ်စေ​သော ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ အန္တရာယ်တစ်စုံတစ်ရာ မရရှိစေရေး ကျန်းမာရေးဌာနမှ အသိပေးချက်များကို လိုက်နာဆောင်ရွက်ပေးနိုင်ရေး အသိပေး နှိုးဆော်ပြောကြားပေးနိုင်ရန် ဆွေးနွေးပွဲ တစ်ရပ်ပြုလုပ်ခဲ့သည်။
လွိုင်ကော် မတ် ၁၆ ပြည်သူတိုင်းသည်စားသုံးသူဖြစ်၍ စားသုံးသူတိုင်းသည် စားသုံးသူအခွင့်အရေးရှိကြောင်း ပိုမိုကျယ်ပြန့်စွာသိရှိစေပြီး မိမိတို့စားသုံးသူအခွင့်အရေးများကို တောင်းဆိုရယူတတ်စေရန် “ကုန်စည် လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ကုန်
Mar 15,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ အမှတ်(၁)ရပ်ကွက်ရှိ Checkpoint နေရာဟောင်း၌ ပြည်သူ့ဆေးရုံ တာဝန်ခံ ဆရာဝန် Dr.ခိုင်ထူးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်း အဖွဲ့မှ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် ဖြတ်သန်းသွားလာသူများအား COVID 19 ကိုယ်အပူချိန် တိုင်းတာစမ်းသပ် စစ်ဆေးဆောင်ရွက်မှုများကို ယနေ့ နံနက် ၇ နာရီ အချိန်၌ စတင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။