သတင်းများ

ညောင်တုန်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ (သင်္ချာဘာသာရပ်) ကို ကျောင်းသား၊ ကျောင်းသူ များ လာရောက်ဖြေဆိုလျက်ရှိ
Mar 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (သင်္ချာဘာသာရပ်) ကို ယနေ့နံနက် ၉ နာရီမှ စတင်ဖြေဆိုကာ ကျောင်းသား၊ ကျောင်းသူများ လာရောက် ဖြေဆိုကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်း ဆင်းပွဲ
Mar 13,2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ရေးမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း သင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၁) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် အဆိုပါသင်တန်းကျောင်း သင်တန်းခန်းမ၌ ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်း တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။
ချီဖွေမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် ဖြေဆို
Mar 13,2020
တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက စတင်ကာ ချီဖွေမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
စလင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပသည့် စာစစ်ဌာနများ၌ ကျောင်းသုံးစာရေးကိရိယာ ပစ္စည်းများ အခမဲ့လှူဒါန်းထား
Mar 13,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၉) ခုဖွင့်၍ ကျင်းပလျက်ရှိရာ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနေသည့် ကျောင်းသားကျောင်းသူများအား အထောက်အပံ့ဖြစ်စေရန် စာစစ်ဌာနအသီးသီး၌ ကျောင်းသုံးစာရေးကိရိယာ ပစ္စည်းများကို စေတနာရှင် အလှူရှင်များ က အခမဲ့လှူဒါန်းကြောင်း သိရသည်။
ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်
Mar 13,2020
သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအား ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပရာ
အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲကျင်းပ
Mar 13,2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးရုံး (မုံရွာ) ကွပ်ကဲမှုအောက်ရှိ ပုလဲမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်း ပွဲကို ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာဘာသာရပ်အား ကျောင်းသား/ကျောင်းသူ ၂၆၀ ဦးဖြေဆို
Mar 13,2020
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာန (၅) ခုတို့၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ယနေ့၌ သင်္ချာဘာသာကို ဖြေဆိုနေကြပြီဖြစ်သည်။
အ.ထ.က (မိုးနဲ) စာစစ်ဌာနသို့ လင်းခေးခရိုင် ပညာရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ လာရောက်ကြည့်ရှု အားပေး
Mar 13,2020
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများ ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် လင်းခေးခရိုင်ပညာရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးနိုးဝေ၊ လင်းခေးခရိုင် ပညာရေးမှူး ဦးကျော်မြင့်ဦး၊ မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်နှင့် မြို့နယ်ပညာရေး ကြီးကြပ်မှုကော်မတီဝင်တို့က ယနေ့နံနက် ၁၀ နာရီအချိန်တွင် တက္ကသိုလ် ဝင်တန်း တတိယနေ့ သင်္ချာဘာသာရပ်ဖြေဆိုနေမှုကို လာရောက်ကြည့်ရှု အားပေးခဲ့သည်။