သတင်းများ

လွိုင်လင်မြို့၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်
Mar 15,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကာကွယ်ရေး လှုပ်ရှားမှုအဖြစ် ယနေ့ နံနက် ၇ နာရီတွင် ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်လင်း ဦးဆောင်သည့် မိခင်ကလေးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့မကျန်းမာရေးဌာနမှ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၊ မာရီစတုတ် မြန်မာမှ တာဝန်ခံဆရာဝန် ဒေါက်တာသန်းထက်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့မဈေးကြီးတွင် ဈေးရောင်း/ဈေးဝယ် များအား ပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် လူအများမြင်သာအောင် စတေကာများ ကပ်ခြင်း၊ အသံချဲ့စက်ဖြင့် ကြေညာခြင်းများကို ရှမ်း၊ ပအိုဝ်း၊ မြန်မာဘာသာများဖြင့် အသိပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ် အန်းတားကျေးရွာ၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်
Mar 15,2020
လူမှုဝန်ထမ်းဦးစီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမော်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ် ဦးစီးဌာနက ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့သည် မြို့နယ်အတွင်း ​လေပြင်းဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အန်းတားကျေးရွာ၌ မတ် ၁၂ ရက်နေ့နှင့် မတ် ၁၄ ရက်နေ့တို့တွင် စုစုပေါင်း လူနေအိမ်ခြေ ၂၅ လုံးကို စိစစ်ဆောင်ရွက်ခဲ့ကြသည်။
နတ်စိမ်းကျေးရွာ အ.မ.က၌ ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ ပြုလုပ်
Mar 15,2020
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့သာကျေးရွာအုပ်စု နတ်စိမ်းကျေးရွာ အခြေခံပညာ မူလတန်း ကျောင်းဝင်းအတွင်း၌ ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီက ကျင်းပသည်။
မကွေးမြို့အဝေးပြေးယာဉ်ရပ်နားစခန်း ကွပ်ကဲရေးရုံး၌ ကျန်းမာရေးဌာနမှ အသိပေးချက်များကို လိုက်နာဆောင်ရွက်ပေးနိုင်ရေး အသိပေး နှိုးဆော်ပြောကြားပေးနိုင်ရန် ဆွေးနွေး
Mar 15,2020
မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းသည် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများလိုက်ပါကာ ယနေ့နံနက် ၁၀ နာရီက မကွေးမြို့ အဝေးပြေးယာဉ်ရပ်နားစခန်း ကွပ်ကဲရေးရုံး၌ မော်တော်ယာဉ်ကြီးကြပ်မှုကော်မတီများ၊ မော်တော်ယာဉ် ဂိတ်ပိုင်၊ ဂိတ်မှူးများ၊ ယာဉ်မောင်းများနှင့် တွေ့ဆုံကာ ခရီးသွားပြည်သူများ အနေဖြင့် လတ်တလော အသက်ရှူလမ်းကြောင်းရောဂါဖြစ်စေ​သော ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ အန္တရာယ်တစ်စုံတစ်ရာ မရရှိစေရေး ကျန်းမာရေးဌာနမှ အသိပေးချက်များကို လိုက်နာဆောင်ရွက်ပေးနိုင်ရေး အသိပေး နှိုးဆော်ပြောကြားပေးနိုင်ရန် ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
မယ်စဲ့မြို့နယ်တွင် ပုဂ္ဂလိကမြေယာပိုင်ဆိုင်မှု ရရှိစေရေး မြို့မြေငှားဂရန် ကွင်းဆင်းစစ်ဆေး
Mar 15,2020
ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ မြေယာအရှုပ်အရှင်းကင်းပြီး အမှုတွဲနှင့် ပြည့်စုံသော နေအိမ်များကို ပုဂ္ဂလိကမြေဂရန် ထုတ်ပေးနိုင်ရေးအတွက် မြို့မြေငှားဂရန် ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့နက ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က မယ်စဲ့မြို့ မြောက်ပိုင်းရပ်ကွက်နှင့် တောင်ပိုင်းရပ်ကွက်တို့၌ မြေပြင်တိုင်းတာ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘုရားသုံးဆူမြို့ (ချက်ပွိုင့်နယ်စပ်)၌ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး စမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်
Mar 15,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ အမှတ်(၁)ရပ်ကွက်ရှိ Checkpoint နေရာဟောင်း၌ ပြည်သူ့ဆေးရုံ တာဝန်ခံ ဆရာဝန် Dr.ခိုင်ထူးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်း အဖွဲ့မှ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် ဖြတ်သန်းသွားလာသူများအား ကိုယ်အပူချိန် တိုင်းတာစမ်းသပ် စစ်ဆေးဆောင်ရွက်မှုများကို ယနေ့ နံနက် ၇ နာရီ အချိန်၌ စတင်ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။
ဆောမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများအား မြေပြင်ကွင်းဆင်းစစ်ဆေး
Mar 15,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်လျက် ရှိသည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေး လုပ်ငန်းများကို မကွေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ်တည်ဆောက်ရေး ကြီးကြပ်မှု ကော်မတီဝင်များသည် ယမန်နေ့က မြေပြင်ကွင်းဆင်း စစ်ဆေးကြသည်။
ကျောက်ကြီးမြို့နယ်၌ကမ္ဘာ့စားသုံးသူများနေ့အထိမ်းအမှတ်လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 15,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် စည်ပင်သာယာဈေးအတွင်း၊ ဈေးအပြင်ရှိ ဒေသခံပြည်သူများအား ယနေ့နံနက် ၈ နာရီက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ကမ္ဘာ့စားသုံးသူများနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြသည်။